၃ မတ်
ကမ္ဘာမှာ လက်ဆွဲနှုတ်ဆက်ခြင်း၊ ခန္ဓာကိုယ်ကို ဖက်ပြီးနှုတ်ဆက်ခြင်း၊ ပါးခြင်းအပ်ပြီး နှုတ်ဆက်ခြင်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့လာတဲ့အတွက် မျက်လုံးချင်းဆုံပြီး နှုတ်ဆက်ခြင်း၊ အမှန်တကယ် လက်ဆွဲပြီး နှုတ်ဆက်ခြင်း မလုပ်ဆောင်ဘဲ အခြားပုံစံမျိုးဖြင့် ပြောင်းလဲ နှုတ်ဆက်လာတာကို တွေ့ရပါတယ်။
ကမ္ဘာတစ်ဝှမ်းရှိလူတွေဟာ လုပ်ငန်းခွင်၊ အိမ်၊ ဘုရားကျောင်းတွေမှာ ကိုဗစ် 19 ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်နိုင်ရန် နှုတ်ဆက်ရာတွင် ပြုမူလေ့ရှိတဲ့ အပြုအမူတွေကို ပြောင်းလာဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်မှုကို လက်ဝါးဖြန့်ထားတဲ့ထဲ လက်သီးစုပ်ထိပြီး တရုတ်ရိုးရာအတိုင်း နှုတ်ဆက်ရန် အသံချဲ့စက်တွေနဲ့ နှိုးဆော်နေတာကို တွေ့ရပါတယ်။
ပြင်သစ်နိုင်ငံမှာတော့ ပါးနှစ်ဖက်ကပ်ပြီး နှုတ်ဆက်ခြင်းဟာ နေ့စဉ်ပြုလုပ်နေကြဖြစ်တဲ့အတွက် အဲဒီလိုမလုပ်ဆောင်ဖို့နဲ့ လက်ဆွဲနှုတ်ဆက်ခြင်းပါ မလုပ်ဆောင်ဘဲ မျက်စိခြင်း စိုက်ကြည့်ပြီး နှုတ်ဆက်ဖို့ သတင်းစာတွေမှာ ရေးသားထားပါတယ်။
ဘရာဇီးနိုင်ငံမှာလည်း တောင်အာဖရိကန် ရိုးရာအရည်ကို သောက်သုံးတဲ့အခါ သူငယ်ချင်း အရည်စုပ်ပြွန်ကို မျှမသုံးရန်နဲ့ နှုတ်ဆက်တဲ့အခါ ပါးခြင်းကပ်ပြီးနှုတ်ဆက်ခြင်းပါ မလုပ်ဆောင်ဖို့ ပြောနေပါတယ်။
နှာခေါင်းခြင်းထိပြီးနှုတ်ဆက်တဲ့ ယူအေအီးနိုင်ငံကလည်း နှုတ်ဆက်တဲ့အခါ အဲဒီလို မလုပ်ဆောင်ဘဲ လက်ပြနှုတ်ဆက်ခြင်းသာ လုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။
ဩစတြေးလျ၊ နယူးဇီလန်၊ ဂျာမနီ၊ စပိန် နိုင်ငံတွေကလည်း အလားတူလက်ဆွဲနှုတ်ဆက်ခြင်းကို ရှောင်ကြဉ်ရန် အကြုံပြုထားပါတယ်။
အီရန်၊ လက်ဘနွန် နိုင်ငံတွေမှာလည်း လက်ဆွဲနှုတ်ဆက်ခြင်းအစား ခြေဖဝါးခြင်း ထိပြီးသာ နှုတ်ဆက်ရန် ပြောထားပါတယ်။
MDN
ကိုးကား -AFP


