၄ မတ်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ အနီးကပ်လက်ထောက် နှင့် ညီမ ဖြစ်သူက သူမ၏ပထမဆုံးသော တရားဝင် ထုတ်ပြန်ချက်တွင် ပြုံယမ်း၏ ယမန်နေ့က အမြောက်တပ်စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်ပြီး ကာကွယ်ပြောဆိုထားသည်။
ထိုစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်ပြီး တောင်ကိုရီးယား၏ဝေဖန်မှုကို တုံ့ပြန်ရန် နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီမှတစ်ဆင့် ကင်ယိုဂျုံ၏ ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာခဲ့သည်။
ကိုရီးယားပြည်သူ့တပ်မတော်၏ အမြောက်တပ်စစ်ရေးလေ့ကျင့်မှုသည် မိမိကိုယ်မိမိကာကွယ်ခြင်း အတွက် ဖြစ်သည်ဟု ကင် က ဖြေရှင်းဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုနှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပယ်ဖျက်မည့်အစား ရွှေ့ဆိုင်းခဲ့သည့် တောင်ကိုရီးယားနိုင်ငံကိုလည်း ကင်က ဝေဖန်ပြောဆိုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် နွေဦးရာသီတွင်ပြုလုပ်ရန် စီစဉ်ထားသော ၎င်းစစ်ရေးလေ့ကျင့်မှုကို ရွှေ့ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၏ သမ္မတရုံးတော်သည် ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေးကို စိတ်ဝင်စားခြင်းမရှိဟု သူမက ပြစ်တင်ပြောဆိုခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


