၄ မတ်

 

ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကူးစက်ပျံ့ပွားနေတဲ့ ကိုဗစ် 19 ဗိုင်းရပ်စ်ပိုးကို စိုးရိမ်တဲ့အတွက် တိုကျိုအိုလံပစ် ပြိုင်ပွဲကို ၂၀၂၀ နှစ် အကုန်အထိ ရွေ့ဆိုင်းမယ်ဆိုရင် ရွေ့ဆိုင်းနိုင်ကြောင်း ဂျပန်အစိုးရဝန်ကြီးတစ်ဦးက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

 

အိုလံပစ်ဝန်ကြီး စိုက်ကိုဟာရှီမိုတို က ဂျပန်အစိုးရ၊ တိုကျိုအိုလံပစ်ပွဲ စီစဉ်သူတွေနဲ့ နိုင်ငံတကာ အိုလံပစ် ကော်မတီတို့ဟာ ပြိုင်ပွဲစတင်မယ့် ဇူလိုင် ၂၄ ရက်အတွက် အကောင်းဆုံး အားကစားပွဲတော်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ပြိုင်ပွဲအချိန်ကို အတိုးအလျော့ လုပ်နိုင်တာကို အိမ်ရှင်နိုင်ငံအတွက် သဘောတူညီချက်မှာ ပါရှိတဲ့အတွက် ၂၀၂၀ ခုနှစ်အတွင်းမှာဆိုရင် ပြိုင်ပွဲကို ရွေ့ဆိုင်းနိုင်ကြောင်း ပြောကြားပါတယ်။

 

48

 

ကိုဗစ် 19 ဗိုင်းရပ်စ်ပိုးဟာ နိုင်ငံပေါင်း ၇၀ ကျော်အထိ ပျံ့နှံ့နေပြီး လူပေါင်း ၃၂၀၀ ကျော်သေဆုံးနေတဲ့အတွက် အစိုးရတွေက နိုင်ငံသားတွေကို ခရီးသွားခြင်းနဲ့ လူစုလူဝေးလုပ်ဆောင်ခြင်းတွေကို တင်းကျပ်လာတဲ့အတွက် ရာသီအလိုက် ဘောလုံးပွဲ၊ ရက်ဘီပွဲ နဲ့ ကားမောင်ပြိုင်ပွဲတွေပါ အကျိုးသက်ရောက်မှု ရှိနေပါတယ်။

 

အခုချိန်အထိတော့ အိုလံပစ်ပြိုင်ပွဲကို ဇူလိုင်၂၄ ရက်နေ့မှာ စတင်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက လုပ်ဆောင်နေကြောင်းနဲ့ ဂျပန်အစိုးရကလည်း ထောက်ပံ့ပေးနေကြောင်း ဟာရှီမိုတိုက ပြောပါတယ်။

 

နိုင်ငံတကာ အိုလံပစ်ကျင်းပရေးကော်မတီအဖွဲ့ဝင် ဒစ်ပရောက်က အိုလံပစ်ပြိုင်ပွဲ ကျင်းပဖြစ်မဖြစ်ကို မေလကုန်ပိုင်းမှာ နောက်ဆုံးဆုံးဖြတ်ချက်ချမယ်လို့ ပြောတဲ့အတွက် မေလကုန်ဟာ အရေးကြီးတဲ့အချိန် ဖြစ်တယ်လို့ ဟာရှီမိုတိုက ထည့်သွင်းပြောကြားပါတယ်။

 

ပထမကမ္ဘာစစ် နဲ့ ဒုတိယကမ္ဘစစ်အတွင်းမှာ အိုလံပစ်ပြိုင်ပွဲကို သုံးကြိမ်တိတိ ပယ်ဖျက်ခဲ့ကြောင်း သိရပါတယ်။

 

MDN

ကိုကား- AFP