အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် လက်ဆေးကြရန် အီရန်နိုင်ငံ၏ ခေါင်းဆောင်ကြီး အယာတိုလာခါမေနီက ပြည်သူများသို့ တိုက်တွန်းလိုက်သည်။

 

ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးသူများ  မြှင့်တက်နေချိန်တွင် လက်အိတ်စွပ်ထားသည့် ခါမေနီသည် ယမန်နေ့က တိုင်းပြည်သို့ မိန့်ခွန်းပြောကြားခဲ့သည်။

 

5

 

တပ်မတော်အပါအဝင် အခြားနယ်ပယ်အားလုံးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပြဿနာဖြေရှင်းရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်ရမည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

ပြည်သူများက ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ကာ လက်များနှင့် မျက်နှာများကို သန့်ရှင်းစွာ ထားသင့်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

 

အင်္ဂါနေ့က ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများမှာ ယခင်နေ့ကထက် ၈၃၅ ဦးအထိ မြှင့်တက်လာခဲ့ပြီး စုစုပေါင်း ၂၃၃၆ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါမှာ မြို့တော် တီဟီရန်နှင့် အနီးပတ်ဝန်းကျင် ဒေသများတွင်လည်း ပျံ့နှံ့လျက်ရှိသည်ဟု ဝန်ကြီးဌာနကဆိုသည်။

 

ကမ္ဘာပေါ်တွင် တရုတ်နှင့်အီတလီနိုင်ငံတိုပြီးလျှင် အီရန်နိုင်ငံသည် ရောဂါဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ပြီး ကူစက်ခံရသည့် လူနာသစ် ၁၁ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၇၇ ဦးထိရှိကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

7

 

 

ခေါင်းဆောင်ခါမေနီ ခန့်အပ်ထားသည့် အစိုးရအဖွဲ့ဝင်တစ်ဦးမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပြီး အီရန်လွှတ်တော်အမတ် ၂၃ ဦးမှာလည်း ရောဂါကူးစက်ခံထားရကြောင်း အီရန် မီဒီယာများက ဖော်ပြသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်