၄ မတ်

 

အင်ဒိုနီးရှားနိုင်ငံရှိ လှုပ်ရှားမှုရှိသော မီးတောင်များအနက်တစ်ခုဖြစ်သော မီရာပီ မီးတောင်သည် ယမန်နေ့အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားကာ ပြာမှုန်များ ၆ ကီလိုမီတာ အမြင့်သို့ပန်းထွက်ပြီး လေယာဉ်ခရီးစဉ်များကို အနှောင့်အယှက်ပေးနိုင်ခြေရှိသည်ဟု အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

ဂျာဗားကျွန်း၏ အဓိကကျွန်းတွင် မီရာပီ မီးတောင် ပေါက်ကွဲမှုကို မီးတောင်ဝမှ ၂ ကီလိုမီတာအကွာတွင် ရှာဖွေတွေ့ရှိခဲ့သည်။

 

ထိုမီးတောင်ဝမှ ၃ ကီလိုမီတာအကွာရှိ ကျေးရွာများတွင် မီးတောင်ပြာမှုန်များနှင့်သဲများ ကျဆင်းလာသည်ဟု ဘူမိဗေဒသဘာဝဘေးအန္တရာယ်ဆိုင်ရာ အင်ဒိုနီးရှား သုတေသနနှင့်နည်းပညာဖွံ့ဖြိုးတက်မှု အကြီးအကဲ ဟာနစ် ဟူမိဒါက ပြောကြားခဲ့သည်။ ထိုမီးတောင်ဝမှ ၁၀ ကီလိုမီတာအကွာရှိ မြောက်ပိုင်းဒေသများတွင် မီးတောင်ပြာမှုန်များ ကျဆင်းလာကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

1

 

ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ လေကြောင်းဆိုင်ရာ မီးတောင်စောင့်ကြည့်လေ့လာရေး သတိပေးချက်ကို အမြင့်ဆုံး အချက်ပြသတိပေးချက်ဖြစ်သော အနီရောက်ကုဒ်ဖြင့် ထားရှိကာ ၎င်းမီးတောင်အနီးဝန်းကျင်တွင် လေယာဉ်များ ဖြတ်သန်းပျံသန်းခြင်း တားမြစ်ထားကြောင်း သိရသည်။

 

ထိုမီးတောင်ဝမှ ၃ ကီလိုမီတာအကွာတွင် နေထိုင်သူများ လှုပ်ရှားသွားလာမှုကို ပိတ်ပင်ထားသည်ဟု ၎င်းက ဆိုသည်။

 

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင် ၁၂၉ ခုအနက် တစ်ခုဖြစ်သော မီရာပီ မီးတောင်သည် ၂ ဒသမ ၉၃၀ မီတာ အမြင့်ရှိပြီး ပေါက်ကွဲမှုပုံမှန်ဖြစ်ပေါ်သည်။

 

၂၀၁၀ ခုနှစ် အောက်တိုဘာမှ နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၃၅၃ ဦး သေဆုံးခဲ့ပြီး အခြား ၃၅၀၀၀၀ ဦး ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို