၅ မတ်

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပျံ့နှံ့မှုကြောင့် ကမ္ဘာ့ရေနံထုတ်လုပ်သည့် နိုင်ငံများအနေဖြင့် ထုတ်လုပ်မှုကို လျော့ချရန် စဉ်းစားနေကြသည်။

 

ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများမှာ နှေးကွေးလာလျက်ရှိပြီး နိုင်ငံတကာ၏ ရေနံစိမ်းဈေးကွက်မှာလည်း ၂၀ရာခိုင်နှုန်းကျော်အထိ ကျဆင်းလာခဲ့သည်။

 

ရေနံတင်ပို့သည့် အဖွဲ့ဝင်နိုင်ငံများ နှင့် ရုရှားအပါအ၀င် အဖွဲ့ဝင်မဟုတ်သည့် အချို့နိုင်ငံများသည် ယနေ့တွင် ဗီယင်နာတွင် တွေ့ဆုံမည်ဖြစ်သည်။ 

 

လွန်ခဲ့သည့် သုံးနှစ်အတွင်း ရေနံထုတ်လုပ်သည့် ကုမ္ပဏီများသည် ဈေးနှုန်းများ မြှင့်တက်ရန်အတွက် ထုတ်လုပ်မှုကို လျော့ချခဲ့ကြသည်။

 

လက်ရှိတွင် ၎င်းတို့သည် တစ်နေ့လျှင် စည်ပေါင်း ၁ဒသမ၇ သန်းသို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ နေ့စဉ်ဝယ်လိုအား၏ ၁ဒသမ၇ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့သည်။

 

အဆိုပါ အစည်းအဝေးတွင် ထုပ်လုပ်မှုထပ်မံလျော့ချရန် နည်းလမ်းရှာမည်ဖြစ်သည်။

 

ထိုသို့လုပ်ဆောင်ခြင်းမှာ စျေးနှုန်းများကို အထောက်အကူပြုမည်လားဆိုသည်မှာ မရှင်းလင်းပေ။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

့မနါန