၅ မတ်

 

ဗုဒ္ဓဟူးနေ့ကစပြီး အီတလီနိုင်ငံတစ်ဝန်းရှိ ကျောင်းများနှင့် တက္ကသိုလ်များအားလုံးကို ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း အီတလီအစိုးရက ကြေညာခဲ့သည်။ အီတလီနိုင်ငံတစ်ခုလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၃၀၀၀သို့ ရောက်ရှိသွားပြီဖြစ်သည်။

 

အီတလီနိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ ၅၈၇ဉီးမှ ၃၀၈၉ဉီးသို့ ခုန်တက်လာခဲ့ပြီးနောက် နောက်ထပ်သေဆုံးသူ ၂၈ဉီးတိုးလာခဲ့ရာ စုစုပေါင်း သေဆုံးသူဉီးရေမှာ ၁၀၇ဉီးထိ ရောက်ရှိသွားပြီဖြစ်သည်။ 

 

ရောမမြို့တွင် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအသစ်နှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် Giuseppe Conteက သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။

 

ကျောင်းများနှင့် တက္ကသိုလ်များအား မတ်လ၆ရက်နေ့မှစပြီး မတ်လ ၁၅ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း Conteက ပြောကြားခဲ့သည်။

 

အီတလီနိုင်ငံမြောက်ပိုင်းတွင် ဗိုင်းစ်ရပ်စ်  ပြင်းထန်စွာ ကူးစက်ခံခဲ့ရပြီးနောက် ကျောင်းများနှင့် တက္ကသိုလ်များအားလုံးကို ပိတ်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

အစိုးရ၏ ဆောင်ရွက်ချက်များကို တောင်းခံပြီးနောက် ကူးစက်ရောဂါ နှင့်ပတ်သက်ပြီး ထိန်းချုပ်မည့် လုပ်ငန်းများအားလုံး အစိုးရက လုပ်ဆောင်မည်ဖြစ်ကြောင်း Conte က ကတိပြုခဲ့သည်။

 

အခြားဉရောပနိုင်ငံများ၌လည်း ဗိုင်းရပ်စ်ရောဂါကူးစက်မှုကို တားဆီးရန်အတွက် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ဂျာမနီနိုင်ငံတွင် ကူးစက်ခံရသူ ၂၆၂ဉီးနှင့် ပြင်သစ်နိုင်ငံတွင် ၂၈၅ ဉီးအထိ ကူးစက်ခံနေရပြီဖြစ်သည်။

 

ပါရီဆင်ခြေဖုံးနှင့် အရှေ့ပိုင်းဒေသရှိ ကျောင်းများအားလုံးကို ပြင်သစ်အာဏာပိုင်များက ပိတ်ပစ်လိုက်ပြီဖြစ်သည်။

 

ဉရောပတိုက်၏ ပြင်ပနှင့် တရုတ်ပြည်မကြီးအပြင် ဒေသအများအပြားတွင်လည်း ရောဂါကူးစက်မှုကိုခံခဲ့ရပြီး  တောင်ကိုရီးယားတွင် ရောဂါကူးစက်ခံရသူပေါင်း ၅၆၂၁ဉီးနှင့် အီရန်တွင် ၂၉၂၂ ဉီးတို့ ကူးစက်ခံခဲ့ရပြီး ရောဂါဖြစ်ပွားသူစုစုပေါင်း ၈၀၀၀၀ ရှိပြီဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်