၅ မတ်
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကူဒက်ဇ်ပြည်နယ်၊ အီမမ်ဆာဟစ်ဘ် ခရိုင်ရှိ လုံခြုံရေးဂိတ်တစ်ခုကို တာလီဘန် စစ်သွေးကြွများက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ယနေ့ဖြစ်ပွားခဲ့သဖြင့် အာဖဂန် ရဲတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့သည်ဟု ပြည်နယ်ကောင်စီ အကြီးအကဲ မိုဟာမက် ယူဆပ် အာယူဘီ က ဆိုသည်။
အာယူဘီ ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သွေးကြွများသည် ဘက်ရှ်မလ် ကုချာ ဒေသရှိ လုံခြုံရေးဂိတ်တစ်ခုကို ယနေ့မနက်အစောပိုင်းက တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အီမမ်ဆာဟစ်ဘ် ခရိုင်အုပ်ချုပ်ရေးမှူး မာဘိုဘူလက်ရှ် ဆာရဒီ က ထိုအဖြစ်အပျက်ကို အသေးစိတ်ပြောကြားခြင်းမရှိပဲ အတည်ပြုခဲ့သည်။
ဒေသန္တရမီဒီယာ၏ဖော်ပြချက်အရ တာလီဘန်စစ်သွေးကြွများသည် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးမကြာမီ အာဖဂန်လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားနေသည်ဟု သိရသည်။
တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကူဒက်ဇ်ပြည်နယ်မြောက်ပိုင်း၊ တာကာနှင့်ဘက်ရှ်လန် ပြည်နယ်များတွင် ယမန်နေ့က တာလီဘန်စစ်သွေးကြွအများအပြားနှင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦးထက်မနည်း သေဆုံးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


