၅ မတ်
ဂျပန်နိုင်ငံကို လာရောက်လည်ပတ်မယ့် တရုတ်သမ္မတရဲ့ ခရီးစဉ် ကိုဗစ်19ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကြောင့် ရွေ့ဆိုင်းလိုက်ကြောင်း ဂျပန်အစိုးရရဲ့ ပြောခွင့်ရသူက ဒီနေ့ ပြောကြားလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြီးခဲ့တဲ့နှစ်က G20 ဆွေးနွေးပွဲမှာ တရုတ်သမ္မတကို ဂျပန်နိုင်ငံကို လာရောက်ဖို့ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ကို တရုတ်သမ္မတ နောက်ဆုံးလာရောက်လည်ပတ်ခဲ့တာဟာ ၂၀၀၈ ခုနှစ်ကဖြစ်ပြီး ရှီရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံရင်းနှီးချစ်ကြည်ရန်အတွက် ဖြစ်ပါတယ်။ ကိုဗစ်19ဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေမှုကြောင့် ခရီးစဉ်နှောင့်နှေးသွားတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူကလည်း တရုတ်နိုင်ငံရော ဂျပန်နိုင်ငံပါ ကိုဗစ်19ဗိုင်းရပ်စ်ပိုး ကို နှိမ်နင်းနေရတဲ့အတွက် ခရီးစဉ်ရွေ့ဆိုင်ကြောင်း၊ နှစ်ဖက်လုံးအတွက် အကောင်းဆုံးအချိန်မှာ သမ္မတရှီရဲ့ ခရီးစဉ်ကို ပြန်လည်စီစဉ်မှာ ဖြစ်တယ်လို့ ဘေဂျင်းမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တရုတ်နိုင်ငံကို ၂၀၁၈ ခုနှစ်က သွားရောက်လည်ပတ်ခဲ့ပါတယ်။
MDN
ကိုးကား-AFP


