၆ မတ်
မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံ ဒုံးကျည်စမ်းသပ်မှုနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဥရောပနိုင်ငံ ငါးနိုင်ငံက ပြစ်တင်ဝေဖန်ခဲ့သည်။
ဗြိတိန်၊ ပြင်သစ်နှင့်အခြား ဥရောပသုံးနိုင်ငံတို့သည် ၁၅ ဦးပါဝင်သော ကောင်စီအစည်းအဝေးကို တံခါးပိတ် ဆွေးနွေးခဲ့ကြပြီးနောက် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ယင်းအစည်းအဝေးပြုလုပ်ရန် ထို ငါးနိုင်ငံက မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။ ၎င်းကြေညာချက်သည် အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် မြောက်ကိုရီးယားကို တိုက်တွန်းထားသည်။
အဆိုပါ အစည်းအဝေးမတိုင်မီ ဂျာမနီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် က မြောက်ကိုရီးယားနိုင်ငံအား နိုင်ငံတကာဥပဒေ ဆက်လက်ချိုးဖောက်နေခြင်းကို ခွင့်မပြုသင့်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်၊ တရုတ် နှင့် ရုရှားနိုင်ငံတို့သည် ထိုပူးတွဲထုတ်ပြန်ချက်တွင် ပါဝင်ခြင်းမရှိပေ။
မြောက်ကိုရီးယားနိုင်ငံ၏ တာတိုပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရသည် ပြီးခဲ့သည့်နှစ်မှ စတင်ကာ ပြဿနာမရှိကြောင်း ပြသခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ထားမှု ဖြေလျော့ပေးရန် တရုတ်နှင့်ရုရှားနိုင်ငံတို့က တောင်းဆိုထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


