၆ မတ်
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယနေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ခေါင်မိုးပြိုကျသဖြင့် ကလေးနှစ်ဦးအပါအဝင် မိသားစုဝင် လေးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယနေ့အစောပိုင်းက ပန်ဂျပ်ပြည်နယ် အာမစ်စာမြို့ မြု့ချာခ် ကျေးရွာတွင် နေအိမ်ခေါင်မိုးပြိုကျမှု ဖြစ်ပွားခဲ့သည်။
ရဲတပ်ဖွဲ့၏ပြောကြားချက်အရ အိမ်ခေါင်မိုးပြိုကျချိန်တွင် ထိုမိသားစုမှာ အိပ်ပျော်နေသည် ဟု သိရသည်။
ယင်းဖြစ်ရပ်ကြောင့် သေဆုံးသူ ခင်ပွန်း၊ ဇနီး နှင့် ၎င်းတို့၏ ကလေးနှစ်ဦးတို့ကို အပျက်အစီးများမှ ဆွဲထုတ်ခဲ့ပြီး ဒဏ်ရာရသူ မိန်းကလေးတစ်ဦးကို ဆေးရုံတင်ထားရကြောင်း ရဲအရာရှိ က ပြောကြားသည်။
ယမန်နေ့ညနေပိုင်းမှစတင်ကာ ပန်ဂျပ်ပြည်နယ်ရှိ ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မိုးသက်မုန်တိုင်း တိုက်ခတ်ခဲ့သည်။
မြို့တော် ဒေလီတွင်လည်း ယနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အပူချိန် သိသိသာသာကျဆင်းသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


