နေပြည်တော် ၉ မတ်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ညောင်ပုလ္လင်ကျေးရွာ ဘောလုံးကွင်း၌ မတ်လ ၈ ရက်နေ့ ညပိုင်းတွင် ပအို့ဝ်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ (၇၁)ကြိမ်မြောက် ပအို့ဝ်အမျိုးသားနေ့ အခမ်းအနား ပြုလုပ်ခဲ့ရာ အခမ်းအနားပြီးဆုံး၍ မီးရှူးမီးပန်းများ ပစ်ဖောက်စဉ် မီးပန်းကြီး ၁ လုံးမှာ အမြင့် ၁၅ ပေ ခန့်မှ ပြန်လည်ပြုတ်ကျခဲ့ပြီး မြေပြင်တွင်ပေါက်ကွဲ၍ ယမ်းစများထိမှန်ခဲ့သဖြင့် ဒေါက်ရပ်ကျေးရွာနေ ဦးပန်းလှိုင်(၆၁)နှစ်ပါ ၁၀ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဘီးလင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(ရဲပြန်ကြား)


