မလှိုင် ၁၁ မတ်    

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ကျပ်ဆည်ကျေးရွာအုပ်စု၊ ဆပ်ခင်းကြီးကျေးရွာရှိ ပုဂ္ဂလိက ဝါကြိတ် စက်ရုံတွင် ယမန်နေ့မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။   

 

ဖြစ်စဉ်မှာ ဆပ်ခင်းကြီးကျေးရွာနေ ဦးကျော်သန်းတင့် အသက်(၄၂ )နှစ် (ဘ) ဦးဘိုးသင်း၏ ဝါကြိတ် စက်ရုံတွင် ယင်းလိပ်စက်ဖြင့် ကြိတ်နေစဉ် အပူလွန်ကဲပြီး ဝါဂွမ်းအား မီးကူးစက်ကာ  စတင်လောင်ကျွမ်းခဲ့ ခြင်းဖြစ်သည်။  

 

986520

 

မီးလောင်မှုဖြစ်ပွားရာသို့   မြို့နယ်စီမံခန့်ခွဲမှုကော်မတီ  ဉက္ကဋ္ဌ ဦးကျော်စိုး၊  မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင် ( ၃၂ )ဦး၊ ဆည်တိုရဲစခန်းမှူး၊ သက်ဆိုင်ရာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ ရွာသားများက သွားရောက်ခဲ့ပြီး မလှိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဆည်တို မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊  ဗလငါးတန်လူမှုရေးအသင်းမှ ရေသယ်ယာဉ် (၁)စီး၊ စုစုပေါင်း (၄)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ  မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ 

 

မီးလောင်မှုကြောင့် ဦးကျော်သန်းတင့် ပိုင်ဆိုင်သော (၃၀ ပေ x ၂၀ ပေ) သွပ်မိုး၊ သွပ်ကာ မြေစိုက် ဝါစက်ရုံတစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။    မီးလောင်မှုကြောင့် လူ နှင့် တိရစ္ဆာန်များ ထိခိုက်  ဆုံးရှုံးမှု မရှိကြောင်းသိရသည်။  

 

အောင်ဌေး(မလှိုင်)