စဉ့်ကိုင် ၁၁ မတ်

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ ဘဲလင်းကျေးရွာတွင် ယနေ့ မွန်းလွဲ ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

မီးလောင်ရာနေရာသို့ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ကျောက်ဆည်မြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ်(၂)စီး၊ ဘဲလင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ အမရပူရမြို့နယ်မီးသတ်စခန်း၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းနှင့် ချမ်းမြသာစည်မြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်ယာဉ် (၁၀) စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက် ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။

 

MDN