၁၁ မတ်

အမေရိကန်ပြည်ထောင်စု အကြိုရွေးကောက်ပွဲများတွင် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင် သည် အဓိကမဲဆွယ်သည့် နေရာများဖြစ်သည့် မစ္စစ္စပီ၊ မစ်ဆူရီ နှင့် မီချီဂန် ပြည်နယ်တို့တွင် ဗားမောင့်လွှတ်တော်အမတ် ဘာနီ ဆန်းဒါးကို ကျော်လွန်ကာ အနိုင်ရရှိမည်ဟု အေဘီစီ သတင်းဌာနက ခန့်မှန်းထားသည်။

 

နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်း ရွေးချယ်ရန် ကျင်းပလျက်ရှိသော အကြိုရွေးကောက်ပွဲများတွင် ပြည်နယ်ခြောက်ခု၌ မဲများရေတွက်နေဆဲ ဖြစ်သည်။

 

Super Tuesday နေ့က ကျင်းပခဲ့သော အကြိုရွေးကောက်ပွဲတွင် ပြည်နယ် ၁၄ ခုအနက် ၁၀ ခုတွင် အနိုင်ရရှိခဲ့ပြီးနောက် ဘိုင်ဒင်သည် ဆန်းဒါးကို ကျော်တက်ခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကြောင့် အင်္ဂါနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် မဲဆွယ်ပွဲကို ဘိုင်ဒင်နှင့်ဆန်းဒါးတို့နှစ်ဦးစလုံးက ဖျက်သိမ်းခဲ့ကြသည်။

 

၎င်းတို့နှစ်ဦးသည် လာမည့်သီတင်းပတ်တွင် အိုဟိုင်းယိုးပြည်နယ်၌ အကြိုရွေးကောက်ပွဲများကျင်းပရန်  စီစဉ်ထားသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်- မြင့်မြင့်ချို