ဇမ္ဗူသီရိ ၁၁ မတ်
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် စိန်ပန်းပြာ (၁၀) လမ်းနှင့် ချင်းတွင်းလမ်းနေ ဒေါ်နွဲ့(ဘ) ဦးရွှေနေအိမ်တွင် ယနေ့နံနက် ၁၀ နာရီခန့်က ထမင်းအိုး အပူလွန်ကဲရာမှ သစ်သားခုံသို့ မီးကူးစက်ပြီး ဒေါ်နွဲ့၏ သွပ်မိုးဝါးထရံကာ နှစ်ထပ် နေအိမ်နှင့် ဦးအောင်လွင်၏ သွပ်မိုးဝါးထရံကာ နှစ်ထပ်နေအိမ် စုစုပေါင်း လူနေအိမ် နှစ်လုံး မီးလောင်ကျွမ်းခဲ့ရာ လူ၊ တိရစ္ဆာန် ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ မီးငြှိမ်းသတ်ယာဉ် (၁၃) စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၆၀) ဦး သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်
(မြို့နယ် ပြန်/ဆက်)


