၁၁ မတ်

တိုင်ပေအကျဉ်းထောင်ရဲ့ သံဆူးကြိုးတွေရဲ့နောက်ကွယ်မှာ အကျဉ်းသားတစ်စုဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် မျက်နှာဖုံးချုပ်လုပ်နေတာကို တွေ့ရပါတယ်။ ဒီအကျဉ်းသားတွေဟာ ပုံမှန်အားဖြင့် အကျဉ်းထောင် ယူနီဖောင်းချုပ်တဲ့သူများ ဖြစ်ပါတယ်။

 

ထိုင်ဝမ်ကို ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာပြီးနောက် အကျဉ်းသားတွေဟာ မျက်နှာဖုံးများ ပြောင်းလဲချုပ်လုပ် လာတာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီလလယ်ကနေ အခုချိန်ဆိုရင် မျက်နှာဖုံး ၅၂၀၀၀ လောက် ချုပ်ပြီးကြောင်း သိရပါတယ်။

 

မျက်နှာဖုံးချုပ်လုပ်နေတဲ့ အသက်၅၀ ဝန်းကျင် မစ္စတာ ယူက မျက်နှာဖုံးတစ်ခုချုပ်တိုင်း သူမိသားစုကို အောက်မေ့ကြောင်း သူ့ကလေးတွေလည်း တနည်းနည်းဖြင့် အသုံးပြုနိုင်မယ်လို့ ယုံကြည်ပြီး ချုပ်လုပ်တယ်လို့ ပြောပါတယ်။

 

မစ္စတာယူဟာ မူးယစ်ဆေးနဲ့ လက်နက်ပိုင်ဆိုင်မှုအတွက် ထောင်ဒဏ် ၂၃ ကျခံနေတာ ထောင်တွင်းမှာ ၁၀ နှစ် ရှိသွားပြီဖြစ်ပါတယ်။

 

ထိုင်ဝမ်အကျဉ်းထောင်ထဲ အကျဉ်းသားတွေက အစားအစာထုတ်လုပ်ရေးကနေ အထည်ချုပ်နဲ့ ဆပ်ပြာထုတ်လုပ်ရေးအထိ အလှည့်ကျ အလုပ်လုပ်ကိုင်ရကြောင်း သိရပါတယ်။ အခုအစီအစဉ်ကနေ အကျဉ်းသားတွေဟာ လက်မှုအတတ်ပညာ သင်ကြားရေးနဲ့ အကျဉ်းထောင်တွင်း တိုးတက်ရေးအတွက် ငွေကြေးရှာဖွေရန်ပုံငွေနဲ့ ပြစ်မှုကျူးလွန်ခံရသူတွေအတွက် နစ်နာကြေးပေးရန် ရန်ပုံငွေအတွက် ဖြစ်ပါတယ်။

 

အကျဉ်းသားတွေ ပြုလုပ်ထားတဲ့ မျက်နှာဖုံးတွေဟာ အကျဉ်းထောင်တွင်း အသုံးပြုရန်နဲ့ ပြည်သူလူထုကို ရောင်းချရန်ဖြစ်ပါတယ်။ တစ်ခုကို ထိုင်ဝမ်ဒေါ်လာ ၂၅ ဒေါ်လာ (အမေရိကန် ဒေါ်လာ ၈၃ ဆင့်) နဲ့ရောင်းချပေမယ့် အကျဉ်းသားတွေရဲ့ လုပ်အားခကို အနည်းအငယ်သာ ပေးကြောင်း သိရပါတယ်။

MDN
ကိုးကား - AFP