နေပြည်တော် ၁၁ မတ်

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးဘူတာကြီး မြောက်ဘက် ၇၈ လမ်းမှ ဘူတာကြီး ဂုံးကျော်ကားလမ်းထိပ်၌ ယာဉ်ကြီးများ မဝင်ရောက်စေရန် ပြုလုပ်ထားသည့် အမြင့် ၈ ပေခန့် သတိပေးသံတန်း အတားအဆီးအား မတ် ၁၀ ရက် ညနေ ၅ နာရီ မိနစ် ၂၀ က မော်တော်ယာဉ်တစ်စီးမှ ဝင်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်နေ ဦးရှော်ဖီ (၅၉)နှစ် မောင်းနှင်သော MDY 1R/XXXX တန်ဖုန်းယာဉ်မှ တိုက်မိခဲ့ခြင်းဖြစ်ပြီး သံတန်း (တန်ဖိုး ၆၂၁၆၀၀ ကျပ်ခန့်) ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ဦးရှော်ဖီအား ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

MDN

Source: ရဲပြန်ကြား