၁၂ မတ်
အော်စကာဆုရှင် ကမ္ဘာကျော် မင်းသားကြီး တွမ်ဟန့်ခ် တို့ဇနီးမောင်နှံဟာ ဩစတြေးလျနိုင်ငံကို ရုပ်ရှင်ဇာတ်ကားတစ်ခုအတွက် ရောက်ရှိနေစဉ် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း မင်းသားကြီးက ဒီနေ့(ကြာသပတေးနေ့)မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဟန့်ခ်နဲ့ဝီလ်ဆင်တို့နှစ်ဦးဟာ အသက် ၆၃ နှစ်ဖြစ်ကြပြီး ဩစတြေးလျနိုင်ငံ အရှေ့ပိုင်းရှိ ဂိုးကမ်းရိုးတန်းက ဆေးရုံတစ်ရုံမှာ သီးသန့်နေထိုင်ပြီး ဆေးကုသခံယူနေကြတယ်လို့ ကွင်းစလန်းပြည်နယ် ကျန်းမာရေးဝန်ထမ်းတွေက အတည်ပြုပြောကြားပါတယ်။
တွမ်ဟန့်ခ်ကိုယ်တိုင်ကတည်း ဆိုရှယ်မီဒီယာ အင်စတီဂရမ်မှာ သူတို့နှစ်ဦးလုံး ဩစတြေးလျနိုင်ငံမှာ ရောက်ရှိနေကြောင်း၊ နှစ်ဦးလုံးမောပန်းခြင်း၊ အအေးမိခြင်းဖြစ်နေတဲ့အတွက် စစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေကြောင်းတွေ့ရှိြခင်း၊ လူအများစုရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် အခုတော့ နှစ်ဦးလုံးဟာ သီးသန့်ခွဲနေကြောင်း၊ သူတို့နှစ်ဦးလုံးရဲ့ ကျန်းမာရေးအခြေအနေ သတင်းစကားကို ဆက်လက်ပြောကြားသွားမှာ ဖြစ်ကြောင်း ရေးသားပါတယ်။
ဟန့်ခ်ဟာ ပထမဦးဆုံး ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသားတစ်ဦး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ ဖြစ်ပါတယ်။ တွမ်ဟန့်ခ်မှာ မူလက ဆီးချို Type 2 ရှိရာ အဲဒါကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်မှု လွယ်တာလားလို့ စဉ်းစားစရာဖြစ်လာပါတယ်။
ဩစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၃၉ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိကြောင်း မတ်လ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။
MDN
ကိုးကား-AFP


