၁၂ မတ်

ကိုဗစ်-၁၉ ကူးစက်ရောဂါအသစ် နှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါသည် လွန်ခဲ့သည့်နှစ်ပတ်အတွင်း ကူးစက်ခံရသည့် နိုင်ငံ ၁၃ နိုင်ငံအထိ တိုးလာခဲ့ပြီး ကူးစက်ခံရသည့်နိုင်ငံများမှာ သုံးဆခန့် မြှင့်တက်လာကြောင်း WHOမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂီဘရီယီးဆက်စ်က ပြောကြားခဲ့သည်။

 

လာမည့်ရက်များနှင့် ရက်သတ္တပတ်များအတွင်း ရောဂါဖြစ်ပွားမှုအရေအတွက်၊ သေဆုံးမှုအရေအတွက် နှင့် ရောဂါကူးစက်ခံရသူများမှာ ပိုမိုများပြားလာနိုင်သည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေးစောင့်ကြည့်အဖွဲ့သည် ရောဂါပျံ့နှံ့ခြင်းနှင့် ပြင်းထန်မှုအဆင့်မှာ စိုးရိမ်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရောဂါဖြစ်ပွားမှုများမှာ အလွန်အမင်းစိုရိမ်စရာကောင်းကြောင်း တက်ဒ်ရော့စ်က ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ကို ကမ္ဘာ့ကူးစက်ရောဂါအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း WHO အကြီးအကဲဖြစ်သူက ပြောကြားလိုက်သည်။

 

ရောဂါကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းမှာ တရုတ်၊ တောင်ကိုရီးယား၊ အီရန်(သို့မဟုတ်) အီတလီတို့ဖြစ်ပြီး  တိုင်းပြည်အတွင်းမှ ရောဂါဖြစ်ပွားသူများကို စမ်းသပ်ခြင်း၊ ကုသခြင်း၊ ရောဂါလက္ခရာရှိသူများ နှင့် ၎င်းတို့ကို လူများနှင့် ခွဲခြားထားပြီး ရောဂါရှာဖွေသင့်ကြောင်း တက်ဒ်ရော့စ်က  ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်