၁၂ မတ်

အမေရိကန်ပြည်ထောင်စုမှ စတစ်ဖန်နီ တာကို ဝီလီယံ အား လစ်ဗျားနိုင်ငံဆိုင်ရာ ခေတ္တ အထူးကိုယ်စားလှယ် နှင့် ကုလသမဂ္ဂထောက်ပံ့ရေးအဖွဲ့ အကြီးအကဲ(UNSMIL) ရာထူး ခန့်အပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ် က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

မတ်လ ၂ ရက်နေ့က ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရုတ်တရက်နှုတ်ထွက်သွားသော ဂါဆန် စလင် ၏ ရာထူးနေရာတွင် ခန့်အပ်ပြီးသည့်အချိန်အထိ လစ်ဗျားနိုင်ငံဆိုင်ရာ ခေတ္တအထူးကိုယ်စားလှယ် အဖြစ် ဝီလီယံကို ခန့်အပ်မည်ဖြစ်ကြောင်း ဂူတာရတ်၏ရုံးအဖွဲ့က ပြောကြားခဲ့သည်။

 

လစ်ဗျားနိုင်ငံ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုများရရှိရန် မမောမပန်းကြိုးပမ်းပေးကာ UNSMIL၌ အောင်မြင်စွာ လုပ်ဆောင်ခဲ့ခြင်းအတွက် စလင်ကို ဂူတာရတ်က ကျေးဇူးတင်စကားဆိုခဲ့သည်။

 

ဝီလီယံသည် အစိုးရနှင့်နိုင်ငံတကာရေးရာတို့တွင် ၂၄ နှစ်ကျော်ကြာ အတွေ့အကြုံများ ရရှိခဲ့သည်။

 

သူမသည် ထရီပိုလီမြို့တော်ရှိ အမေရိကန်သံရုံးတွင် သံမှူးအဖြစ်  တာဝန်ထမ်းဆောင်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို