ခင်ဦး ၁၂ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ သောက်ကံကျေးရွာနေ အလယ်တန်းပြကျောင်းဆရာမတစ်ဦးသည် ယမန်နေ့ ညနေ ၃ နာရီခန့်က HONDA 100 အမျိုးအစား အစိမ်းရောင်ဆိုင်ကယ်ဖြင့် ခင်ဦး-အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအခန်းစောင့်ပြီးအပြန် အလယ်သျှို၊ အိုင်ပေါက်ကြီးနှင့် သောက်ကံလမ်းသုံးခွဆုံ၌ ဆိုင်ကယ်တစ်စီးနှင့် နှာခေါင်းစီးတပ်ထားသော အမည်မသိလူငယ် ၃ဦးက လူကိုရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားကြောင်း သိရသည်။

 

အဆိုပါ အရိုက်ခံရသော အလယ်တန်းပြကျောင်းဆရာမဒေါ်ယဉ်ယဉ်အေးသည် ဒဏ်ရာများ ပြင်ထန်စွာ ရရှိထားသဖြင့် ရွှေဘိုပြည်သူ့ဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် လွှဲပြောင်းကုသလျက်ရှိကြောင်း သိရသည်။

 

ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့နှင့် ရွှေဘိုခရိုင်ရဲတပ်ဖွဲ့တို့ ချိတ်ဆက်၍ ဆိုင်ကယ်လုယူသွားသော တရားခံ(၃)ဦးအား အမြန်ဖမ်းဆီးရမိရေးအတွက် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချစ်စံ(ခင်ဦး)