နေပြည်တော် ၁၂ မတ် 

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအနီးတွင် မတ် ၁၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က ၎င်းကျေးရွာနေ ဘညွန့် (၅၀)နှစ်မှာ ဓားကိုင်ဆောင်ရမ်းကားနေကြောင်း သတင်းအရ သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးရာ ဘညွန့်မှာ ဖမ်းဆီးမခံဘဲ ဓားဖြင့်ပြန်လည်ခုခံသဖြင့် တစ်ရွာတည်းနေ ကျော်ရဲလင်း(ခ)ဖိုးကျော် (၂၅)နှစ်နှင့် ညောင်နန်းသာကျေးရွာနေ သန့်ဇင်ထွန်း(ခ)သီပေါ (၂၃)နှစ်တို့တွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဘညွန့်အား သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား