နေပြည်တော် ၁၂ မတ်

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ မတ် ရက်မှ ၁၀ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရဲရမန်းကြိုးဝိုင်း ပန်းပုချောင်းဘေးနှင့် ကြံခင်းချောင်းဘေးနေရာမှ တရားမဝင် ကျွန်းသစ် အလုံး (၄၀) ( ဒသမ ၁၆၈၀)တန်ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ အမှတ်()ရပ်ကွက်အတွင်း တရားမဝင် သစ်ယာ/ အင်ကြင်း/ အင်/ ဖန်းခါးခွဲသား (၈၈၆)ချောင်း (၃၃ ဒသမ ၄၄၉၈)တန်ကို လည်းကောင်း၊ ကောလင်းမြို့နယ်၊ ခံဇားလာကာကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်း/ သစ်ယာ/ အင်ကြင်း/ ကညင်/ အင်သစ်/ ခွဲသား (၃၄)လုံး/ ချောင်း (၁၇ ဒသမ ၉၀၇၂)တန်ကို လည်းကောင်း၊ ကန့်ဘလူမြို့နယ်၊ ကင်းတပ်- ထန်းကုန်း- ဇီးကုန်းမူးဘောင်လမ်း မော်တော်ယာဉ်အမှတ် (SHN-1A/4708) HINHO ()ဘီး၊ စိမ်းပြာကြားယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၂၉၁)ချောင်း (၁၀ ဒသမ ၄၉၇၄)တန်ကို လည်းကောင်း၊ ပင်လည်ဘူးမြို့နယ် ခံဇားလာကာကြိုးဝိုင်းအတွင်းမှ တရားမဝင် ပျဉ်းကတိုး/ ကညင်သစ် (၁၆)လုံး ( ဒသမ ၇၀၀၀)တန်ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် စိုင်းရကြိုးဝိုင်းနှင့် အစပ်နေရာမှ တရားမဝင်ကျွန်း ခွဲသား/ ခြမ်း/ စိတ် (၄၇)ချောင်း/ ခြမ်း/ စိတ် ( ဒသမ ၂၉၃၈)တန်ကို လည်းကောင်း၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၈၃/) မြို့ချောင်းအမြန်လမ်းရဲစခန်းရှေ့၌ မော်တော်ယာဉ်အမှတ် (YGN-4J/2638) UD ()ဘီး ခေါင်းပြာယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၁၀၉)ချောင်း ( ဒသမ ၉၀၃၄)တန်ကို လည်းကောင်း၊ ပဲခူးမြို့နယ် အဆိပ်တောင်ကျေးရွာအနီး ဆည်လည်ချောင်းလယ်ကွင်း ဘေးခြုံစပ်အတွင်းမှ တရားမဝင်ကျွန်းခွဲသား (၂၆)ချောင်း ( ဒသမ ၂၈၆၂) တန်ကို လည်းကောင်း။

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မြရွှေပင်သဒ္ဓမ္မသုခရိပ်သာ ကျောင်းဝင်းအတွင်းရှိ ဂိုဒေါင်အတွင်းမှ ကျွန်းခွဲသား (၅၃၂)ချောင်း ( ဒသမ ၈၆၆၆)တန်၊ သစ်စက်၊ ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပဲခူးမြို့နယ် အဆိပ်တောင် ကျေးရွာအနီး လယ်ကွင်း ဘေးခြုံစပ်အတွင်း မော်တော်ယာဉ်အမှတ် (MGY 2B/8457) NISSAN Diesel ()ဘီးယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုး ခွဲသား(၅၀)ချောင်း ( ဒသမ ၀၀၆၂)တန်နှင့်အတူ တရားခံ()ဦးကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မလယ်ကျေးရွာရှိ ဦးမောင်ထွန်း () ဦးကျော်စိန် နေအိမ်ဝင်းအတွင်းမှ မော်တော်ယာဉ်အမှတ်မပါ (JP/185) ()လုံး ထိုးအင်ဂျင် တပ်ဆင်ထားသော HINO ခေါင်းရှည် (ခေါင်းစိမ်း/ဘော်ဒီပြာ) ယာဉ်ပေါ်မှ တရားမဝင် အင်ကြင်း/ ပျဉ်းကတိုး/ အင်/ လုံးပတ် ပေအောက် အင်သစ်/ ခြမ်း/ ခွဲသား (၅၄၃)လုံး/ ချောင်း/ ခြမ်း (၂၈ ဒသမ ၄၈၁၂)တန်နှင့်အတူ တရားခံ()ဦးကို လည်းကောင်း၊ ကနီမြို့နယ် ကွမ်းပင်ရေ စုပေါင်းစစ်ဆေးရေးစခန်း၌ မြေသယ်ယာဉ် (၁၂)ဘီး အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၃၆)ချောင်း ( ဒသမ ၀၆၉၄) တန်နှင့်အတူ တရားခံ()ဦးကို လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

သတင်းစဉ်