လားရှိုး ၁၃  မတ်

 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်  လားရှိုး-တန့်ယန်းသွား ကားလမ်းမ  ခါးသျှိကျေးရွာ ဦးဇီဆူး၏နေအိမ်တွင် မတ် ၁၂ ရက် ည (၈)နာရီ အချိန်ခန့်က  ဦးဇီဆူးသည် တခြားနေအိမ်သို့ သွားရောက်စဉ် အိမ်တွင်ကျန်ရှိခဲ့သော ကလေး(၂)ဦးမှ ခေါက်ဆွဲခြောက် ပြုတ်စားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်စဉ်ကြောင့် အဆိုပါ ကလေးနှစ်ဉီး သေဆုံးသွားခဲ့ရကြောင်းသိရပြီး အိမ်ရှင်ဖြစ်သူ ဦးဇီဆူးအား လားရှိုးမြို့မရဲစခန်းမှ သက်ဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)