၁၃ မတ်

အီရတ်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံ ရှီယာ ပြည်သူ့စစ်အုပ်စုက အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များကို ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့သဖြင့်  ၎င်းတို့ကို အမေရိကန်က လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု က ဆိုသည်။

 

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ယမန်နေ့ကထုတ်ပြန်ခဲ့သည်။

 

ဤလေကြောင်းတိုက်ခိုက်မှုများသည် ဟဇ်ဘိုလာအဖွဲ့(သို့မဟုတ်) အီရန်ကျောထောက်နောက်ခံ ရှီယာ ပြည်သူ့စစ်အုပ်စု ပိုင်ဆိုင်သော လက်နက်သိုလှောင်ရုံ ငါးခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

 

ဘဂ္ဂဒက်မြို့တော် မြောက်ဘက်ရှိ တာဂျီ စစ်စခန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဗြိတိန် တစ်ဦး သေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ရှီလာ ပြည်သူ့စစ်အဖွဲ့တွင် တာဝန်ရှိသည်ဟု ဆိုကာ ပင်တဂွန်က ဖော်ပြခဲ့သည်။

 

အမေရိကန်ပြည်သူများ၊ အကျိုးစီးပွားများနှင့် မဟာမိတ်များအပေါ် တိုက်ခိုက်မှုများကို အမေရိကန်အနေဖြင့် သည်းခံမည်မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စပါက ပြောကြားခဲ့သည်။

 

ပြည်သူ့စစ်အုပ်စုများက ဆက်လက်ကျူးကျော်တိုက်ခိုက်လာပါက အမေရိကန်အနေဖြင့် ထိုးစစ်များ ပိုမိုပြုလုပ်သွားရန်အသင့်ရှိကြောင်း ၎င်းက ဖော်ပြခဲ့သည်။

 

ယခုနောက်ဆုံးတိုက်ခိုက်မှုသည် အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား တင်းမာမှုများ ပိုမိုမြင့်မားလာဖွယ် ရှိသဖြင့် စိုးရိမ်မှုများ တိုးပွားနေသည်။

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို