၁၃ မတ်
ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုများ များပြားလာသည်နှင့်အမျှ နိုင်ငံများအနေဖြင့် ရောဂါကူးစက်မှုကို တားဆီးကာကွယ်ရန် အစီအမံများ ချမှတ်ရန် ကြိုးပမ်းလျက်ရှိသည်။
အီတလီနိုင်ငံတွင် ဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူများမှာ စုစုပေါင်း ၁၀ဝ၀ ကျော်သို့ မြင့်တက်လာပြီဖြစ်သည်။
အီတလီနိုင်ငံမြောက်ပိုင်းတွင်လည်း နောက်ထပ်သေဆုံးသူများ ရှိလာခဲ့ကြောင်း အီတလီအစိုးရက ယမန်နေ့က ပြောကြားခဲ့သည်။
ဆေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် နေ့စဉ်သုံးပစ္စည်း ရောင်းဝယ်သူများအပ ဆိုင်များအားလုံးနှင့် စားသောက်ဆိုင်များကို ပိတ်ထားရန်လည်း ညွှန်ကြားထားသည်ဟု ဆိုသည်။
အီတလီနိုင်ငံနှင့် အိမ်နီးချင်းဖြစ်သည့် ပြင်သစ်နိုင်ငံသည် တနင်္လာနေ့မှစပြီး ကျောင်းများနှင့် တက္ကသိုလ်များအားလုံးကို ပိတ်ထားမည်ဖြစ်သည်။
ကူးစက်ရောဂါသည် ဥရောပနိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝန်းကို ဆက်လက်ပျံ့နှံ့နေကြောင်း ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က ပြောကြားခဲ့သည်။
အဆိုပါ ဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ပြင်သစ်နိုင်ငံတွင် ရာစုနှစ်တစ်ခုအတွင်း ပြည်သူ့ကျန်းမာရေး မှာ အကြပ်အတည်းများ ဖြစ်ပေါ်ခဲ့ရသည်ဟု ဆိုသည်။
သက်ကြီးရွယ်အိုများအား ဖြစ်နိုင်သမျှ အိမ်ထဲတွင် နေထိုင်ကြရန် ပြောကြားခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် စည်ပင်သာယာရွေးကောက်ပွဲအတွက် ကူးစက်ရောဂါကို တားဆီးရန် အစီအမံများ ပြုလုပ်ထားပြီးနောက် ရွေးကောက်ပွဲကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံတွင် လူပေါင်း ၂၈၀ဝ ကူးစက်ခံခဲ့ရပြီး ၆၁ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
ကြာသပတေးနေ့အတွင်းက နိုင်ငံပေါင်း ၁၂၁ နိုင်ငံဖြစ်ပွားခဲ့ပြီး ကူးစက်ခံရသူပေါင်း ၆၇၂၉ ဦးရှိပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူပေါင်း ၁၂၅၀ဝ၀ဝကျော်ရှိပြီဖြစ်ကြောင်း WHOက ပြောကြားခဲ့သည်။
သေဆုံးသူပေါင်း ၄၆၀ဝ ကျော်သွားပြီဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


