၁၆ မတ်
ဆော်ဒီအာရေဗျနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ ဝတ်ပြုရာနေရာဖြစ်သည့် မက္ကာမှ ဘုရားဖူးပြန်လာသည့် လူပေါင်း ၁၀၀၀၀ ကျော်ကို သီးသန့်ခွဲ၍ ထားရှိမည်ဖြစ်ကြောင်း တူရကီအစိုးရက ပြောကြားခဲ့သည်။
ဘုရားဖူးပြန်လာသည့် လူတစ်ဉီးထံမှ ကိုရိုနာဗိုင်းရပ်စ်ပိုး တေွ့ရှိပြီးနောက် တနင်္ဂနွေက အဆိုပါ ပြဌာန်းချက်ကို တူရကီနိုင်ငံက ချမှတ်လိုက်ခြင်းဖြစ်သည်။
ပြန်လည်ရောက်ရှိလာသူများအား မြို့တော် အန်ကာရာရှိ ကျောင်းသားများထားရှိသည့် အဆောင်များနှင့် အခြားအဆောက်အဉီများတွင် သီးခြားထားရှိမည်ဖြစ်သည်။
ဘုရားဖူးပြန်လာသူများအား နှစ်ပတ်ကြာမျှ သီးသန့်ခွဲထားမည်ဖြစ်ကြောင်း တူရကီအစိုးရက ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ရန်အတွက် မတ်လ ၄ရက်မှစပြီး မက္ကာနှင့် မက်ဒီနာမြို့တော်များကို ဘုရားဖူးများ ဝင်ရောက်ခြင်းကို ရပ်ဆိုင်းထားလိုက်သော်လည်း
အစောပိုင်းရက်များမှ ဘုရားဖူးသွားရောက်သူများသည် တူရကီနိုင်ငံသို့ နေ့တိုင်းပြန်လာလျက်ရှိကြသည်။
တူရကီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၈ဉီးမျှ ရှိပြီဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


