၁၆ မတ်
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နာဂါဟာပြည်နယ်တွင် နေအိမ်တစ်လုံး ခေါင်မိုးပြိုကျမှုကြောင့် အာဖဂန်အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ကလေး လေးဦးအပါအဝင် စုစုပေါင်း ငါးဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယနေ့ပြောကြားခဲ့သည်။
၎င်းဖြစ်ရပ်သည် ယမန်နေ့ညနေက ကော့ခရိုင် Juy ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ အက်တာဟူလာ ခိုဂျာနီ က သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသူများကို ပြည်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ထပ်လောင်းပြောကြားသည်။
ယင်းနေအိမ်ခေါင်မိုးမှာ မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေများ ဆိုးဝါးစွာစိမ့်ဝင်ပြီး နောက် ပျက်စီးသွားကာ ဝမ်းနည်းဖွယ် အဖြစ်အပျက် ဖြစ်စေခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ကျေးလက်ဒေသရှိ နေအိမ်များနှင့်ဈေးဆိုင်အများစုသည် ရွှံ့ နှင့် သစ်သားတို့ဖြင့် ဆောက်လုပ်ထားသဖြင့် နေအိမ်ခေါင်မိုးပြိုကျမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


