၁၆ မတ်

 

ဆော်ဒီ အာရေဗီယား နိုင်ငံကို သွားရောက်ခဲ့တဲ့ ထောင်ချီတဲ့သူတွေဟာ ပြီးခဲ့တဲ့ စနေညပိုင်းက နိုင်ငံကို ပြန်လည်ရောက်ရှိလာရာ အဲဒီလူတွေကို မြို့တော် အန်ကာရာ အနီး ကွန်ယာဒေသရှိ ကျောင်းဆောင်တွေမှာ သီးသန့်ခွဲထားမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောကြားပါတယ်။

 

လူဦးရေ သန်း ၈၀ ကျော်ရှိတဲ့ တူရကီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၈ ဦးအထိ ရောက်ရှိသွားပြီလို့ သိရပါတယ်။

 

ပြီးခဲ့သီတင်းပတ်က ဆော်ဒီမှ ပြန်လည်ရောက်ရှိလာသူ တစ်ဦးမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရကြောင်း သိရပါတယ်။ ဆော်ဒီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ပိုး ကပ်ရောဂါကို စိုးရိမ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေကို လာရောက်ခွင့်ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

 

တူရကီနိုင်ငံကလည်း ဆော်ဒီကို သွားရောက်ခွင့်ကို ဖေဖော်ဝါရီ ၂၇ ကစပြီး ရပ်ဆိုင်းထားပါတယ်။ တူရကီနိုင်ငံက ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ကာကွယ်နိုင်ရန် ပြင်သစ်၊ အီတလီနဲ့ ဂျာမနီအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံကို ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။

 

နိုင်ငံတွင်းက ဘားတွေ၊ နိုက်ကလပ်တွေအပါဝင် ဆိုင်တွေကို ဒီနေ့(တနင်္လာနေ့)မှစပြီး ပိတ်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးက မနေ့က ပြောကြားပါတယ်။ ဒါ့အပြင် ကျောင်းတွေကို သီတင်းနှစ်ပတ်ပိတ်လိုက်ပြီး တက္ကသိုလ်တွေကိုတော့ သီတင်းသုံးပတ်တိတိ ပိတ်ကာ အစိုးရဝန်ထမ်းအား နိုင်ငံခြားခရီးသွားခွင့်တွေပါ ပိတ်ပင်လိုက်ပါတယ်။

 

အားကစားပွဲတွေမှာ ကြည့်ရှု့သူတွေကို မပါဘဲ ဧပြီလကုန်အထိ ကစားရန် အမိန့်ထုတ်ပြန်ထားပါတယ်။

 

သမ္မတ အာဒိုဂန်ရဲ့ ပြင်သစ်သမ္မတနဲ့ ဂျာမနီဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးရန်ရှိတဲ့  နိုင်ငံရွေ့ပြောင်းလာသူတွေ အရေးကို ခရီးစဉ်ဖျက်သိမ်းပြီး ဗီဒီယိုကနေ ဆွေးနွေးမယ်လို့သိရပါတယ်။

 

MDN

ကိုးကား - AFP