၁၆ မတ်

တရုတ်နိုင်ငံကို နိုင်ငံတကာကနေ ရောက်ရှိလာတဲ့ သူတွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့ပွားမှုကာကွယ်နိုင်ရန်အတွက် သီးသန့်ထားရှိမယ်လို့ သိရပါတယ်။

 

ဘေကျင်းမြို့ကို ရောက်ရှိလာမယ့် နိုင်ငံခြားသား ခရီသည်တွေကို ဒီနေ့(တနင်္လာနေ့) ကစပြီး ၁၄ ရက်တိတိ သီးသန့်ထားပြီး စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

 

ခရီးသွားတဲ့သူတွေကို မိမိတို့အိမ်မှာ သီးသန့်နေထိုင်ဖို့ အရင်က စည်းမျဉ်းရှိခဲ့ပေမယ့် အခုတော့ သီးသန့်ခွဲထားတဲ့ နေရာတွေရှိ ပို့‌ဆောင်သွားမှာဖြစ်ပြီး အဲဒီ အသုံးဆောင်အတွက် အခကြေးငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။

 

ဘေကျင်းကို ဆိုက်ရောက်လာမယ့် နိုင်ငံခြားလေကြောင်းလိုင်းတွေမှာ လိုက်ပါလာမယ် ခရီးသည်တွေကို သက်ဆိုင်ရာ နေရာတွေဆီကို ခွဲခြားပို့ဆောင်သွားမှာ ဖြစ်ပါတယ်။

 

ရှန်ဟိုင်းနဲ့ ဂွမ်ဒေါင်းပြည်နယ်တွေဟာ ကိုရိုနာ ကပ်ရောဂါပိုး ခံစားရတဲ့ နိုင်ငံတွေကနေ ရောက်ရှိလာသူတွေဟာ မဖြစ်မနေ သီးသန့်ခွဲနေရမယ့်လို့ အရင်က ကြေညာထားပါတယ်။

 

မတ် ၁၆ ရက်နေ့စာရင်းအရ ၁၄ ဦး သေဆုံးရာ တရုတ်နိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၃၂၁၃ ဦးရှိပြီ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၈၀၈၀၀ ရှိခဲ့ပေမယ့် အများစုမှာ ပြန်လည်ကောင်မွန်လာပြီး လူပေါင်း ၁၀၀၀၀ အောက်သာ ရောဂါပိုး ကူးစက်ခံနေရကြောင်း သိရပါတယ်။

MDN
ကိုးကား - AFP