ဂျေရုဆလင်   ၁၇  မတ်

မတ် ၁၅ ရက်တွင် COVID-19 တွေ့ရှိသူ ၃၇ ဦး ထပ်မံတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်း ၂၅၀ အထိ ရှိလာပြီးဖြစ်ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

လူနာပေါင်း ၂၀၂ ဦးကို အစ္စရေးနိုင်ငံ တစ်လွှားဆေးရုံပေါင်း ၂၁ ရုံတွင် ကုသမှုပေးနေကြောင်း၊ လေးဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း၊ ၁၁ ဦးမှာ ကျန်းမာရေးအခြေအနေ အသင့်အတင့်ရှိပြီး ၁၈၇ ဦးမှာ ဝေဒနာ မပြင်းထန်ကြောင်း သိရသည်။

ကျန်ရှိသည့် ကူးစက်ခံရသူ ၄၈ ဦးတွင် ၄၄ ဦးကို နေအိမ်တွင်သာ သီးသန့်ထားပြီး ကျန်လေးဦးမှာ ပြန်လည်သက်သာလာပြီဟု သိရသည်။

ဆင်ဟွာ