ဝါရှင်တန် ၁၇ မတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန် ပြည်သူများဈေးဝယ်ရာတွင် ကြောက်လန့်တကြား သိမ်းကြုံးမဝယ်ကြရန်၊ တည်တည်ငြိမ်ငြိမ်ရှိကြရန် တိုက်တွန်းပြောဆိုခဲ့သည်။ ၎င်း၏အစိုးရအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက် နိုင်ရေးအတွက်အပြည့်အဝလုပ်ဆောင်နေကြကြောင်း၊ မည်သို့ပင်ဖြစ်စေကာမူ အကောင်းဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က မတ် ၁၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ။
လက်လီအရောင်းဆိုင်များ၊ စူပါမားကက်များ စုစုပေါင်း ၃၀ ခန့်မှ အမှုဆောင်အရာရှိများကိုလည်း အစည်းအဝေးခေါ်ယူခဲ့ကြောင်း သမ္မတ ထရမ့်က ထုတ်ဖော်ပြောကြားခဲ့သည်။ ကုန်ပစ္စည်းများ ထိန်းသိမ်းထားရန်လည်း ဆိုင်ရှင်များ လုပ်ဆောင်နေကြကြောင်း၊ အတူပူးပေါင်း၍ အကောင်းဆုံး လုပ်ဆောင်နေကြကြောင်း ထရမ့်က ပြောကြားခဲ့သည်။ အကယ်၍ ဝယ်သူများကသာ အများကြီးမဝယ်ယူလျှင် အားလုံးအဆင်ပြေသွားမည် ဖြစ်ကြောင်း၊ စိတ်အေးအေးထားကြရန်နှင့် ကုန်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး အာမခံကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သတင်းထောက်များ သတင်းစာရှင်းလင်းပွဲကျင်းပရာ အခန်းအတွင်း မဝင်ရောက်မီ အိမ်ဖြူတော်ဝန်ထမ်းများက အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ခဲ့ကြသည်။ အပူချိန် ၃၇ ဒသမ ၅ ဒီဂရီဆဲဆီးရပ်စ်ထက်မြင့်လျှင် သတင်းစာ ရှင်းလင်းပွဲသို့ ဝင်ရောက်ခွင့်မပေးခဲ့ပေ။
အင်န်အိတ်ချ်ကေ


