၁၇ မတ်

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တုံ့ပြန်ဆောင်ရွက်သည့် အနေဖြင့် နိုင်ငံတစ်ဝန်းလုံး သွားလာလှုပ်ရှားမှုများကို ကန့်သတ်ထားကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ထုတ်ပြန် ကြေညာခဲ့သည်။

 

မက်ခရွန်က အများပြည်သူများအနေဖြင့် မိမိတို့နေအိမ်များတွင် အင်္ဂါနေ့မွန်းတည့်ချိန်မှစတင်ကာ အနည်းဆုံး ၁၅ ရက် နေထိုင်သင့်သည်ဟု ယမန်နေ့ညပိုင်းက ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည်။

 

တယ်လီဖုန်းဆက်သွယ်မှု မပြုနိုင်သူများ၊ ဆေးဝါးကုသမှုခံယူရန် လိုအပ်သူများနှင့်  အခြေခံလိုအပ်ချက်များ ဝယ်ယူရန် လိုအပ်သူများအတွက် ခြွင်းချက်အနေဖြင့် ခွင့်ပြုမည်ဖြစ်သည်။

 

စည်းမျည်းစည်းကမ်းများချိုးဖောက်သူများသည်  အပြစ်ပေးခံရမည် ဖြစ်သည်။

 

ဥရောပသမဂ္ဂ၏ရှင်ဂန်နယ်မြေ ဝင်ပေါက်ကို အင်္ဂါနေ့မွန်းတည့်ချိန်မှ ရက် ၃၀ ကြာအထိ ပိတ်ထားမည် ဖြစ်ကြောင်းကိုလည်း သမ္မတက ပြောကြားခဲ့သည်။

 

လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ဒုတိယအကြိမ်ဒေသန္တရရွေးကောက်ပွဲကို ရွှေ့ဆိုင်းသွားမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို