၁၇ မတ်

 

ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားသောကြောင့် ဒေသတွင်း မော်တော်ကား ထုတ်လုပ်သူများသည် ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းထားသည်။

 

ဥရောပအစိုးရက အများပြည်သူ သွားလာလှုပ်ရှားမှုကို ကန့်သတ်ထားသဖြင့် မော်တော်ကား ထုတ်လုပ်သူများက ရောင်းအားကျဆင်းသွားပြီး စက်ပစ္စည်းထုတ်လုပ်မှုများ ရပ်နားရန် မျှော်မှန်းထားသည်။

 

အီတလီနိုင်ငံရှိ စက်ရုံ ခြောက်ခု အပါအဝင် အဓိက စက်ရုံအားလုံး၌ မတ်လ ၂၇ ရက်အထိ ထုတ်လုပ်မှု ခေတ္တရပ်နားထားမည် ဖြစ်ကြောင်း Fiat Chrysler ကားထုတ်လုပ်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ရီနော့တ်ကားထုတ်လုပ်ရေးအဖွဲ့သည် ပြင်သစ်နိုင်ငံရှိ ၎င်းတို့၏ စက်ရုံအားလုံးကို ရပ်နားထားခဲ့သည်။ Peugeot နှင့် Citroen ကားထုတ်လုပ်ရေးအဖွဲ့များသည်လည်း မတ်လ ၂၇ ရက်အထိ ဥရောပတွင် ထုတ်လုပ်မှုအားလုံး ရပ်နားထားမည် ဖြစ်သည်။

 

Volkswagen ကားထုတ်လုပ်ရေးအုပ်စု သည် စပိန်နိုင်ငံရှိ ၎င်းတို့၏ စက်ရုံအားလုံးတွင် ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းထားသည်။

 

မော်တော်ကား အော်တိုထုတ်လုပ်မှုကို ကြာမြင့်စွာရပ်နားထားခြင်းသည် ကားအစိတ်အပိုင်း ထုတ်လုပ်မှုများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ လက်လီရောင်းချမှုနှင့် အခြားကဏ္ဍများစွာတို့ကို အကျိုးသက်ရောက်နိုင်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

 

ဤအချက်သည် ဒေသတွင်းစီးပွားရေးကို အကြီးအကျယ် ထိုးနှက်နိုင်သည်ဟု ၎င်းတို့က ပြောကြားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို