ဗိုင်းရပ်စ်အသစ်၏ ကူးစက်မှုသည် ဩဂုတ်လအထိ ဆက်လက်တည်ရှိအုံးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

 

ယမန်နေ့က အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် စီးပွားရေးကျဆင်းမှုဖြစ်ပွားနိုင်ခြင်း ရှိမရှိနှင့် ပတ်သက်ပြီး သတင်းထောက်က ထရန့်ကို မေးမြန်းရာတွင် ထရန့်က စီးပွားရေး ကျဆင်းမှုကို စဉ်းစားခြင်းမရှိကြောင်း၊ ဗိုင်းရပ်စ်ပိုးကို ကာကွယ်ရန်အတွက် စဉ်းစားနေခြင်းဖြစ်ကြောင်း ထရန့်က ပြန်လည်ပြောကြားခဲ့သည်။

 

ယခုအဖြစ်အပျက်တွေပြီးသွားလျင် ကြီးမားသည့် အောင်မြင်မှုများမြင်တွေ့ရမည်ဖြစ်ကြောင်း ထရန့်က ထပ်လောင်းပြောကြားခဲ့သည်။

 

ထရန့်၏ မှတ်ချက်စကားများပေါ်ထွက်လာပြီး နာရီအနည်းငယ်အကြာတွင် နယူးယောက်ရှိ စတော့အိတ်ချိန်းတွင် ရှယ်ယာဈေးများ ကျဆင်းခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်