ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် တရုတ်နိုင်ငံမှ ဆေးကုသမှုဆိုင်ရာ ကျွမ်းကျင်သူများကို အီတလီနိုင်ငံသို့ စေလွှတ်ပေးမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အီတလီဝန်ကြီးချုပ် ဂူဆီပီး ကိုတီနှင့် ယမန်နေ့က ဖုန်းဖြင့် ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့သည်။

 

အီတလီနိုင်ငံအနေဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန်နှင့် ထိန်းချုပ်ရန်အတွက် အီတလီနိုင်ငံ၏ ပြတ်သားသည့် လုပ်ဆောင်မှုများကို တရုတ်နိုင်ငံမှ ထောက်ခံကြောင်း သမ္မတ ရှီကျင့်ဖျင်က ကိုတီသို့ ပြောကြားခဲ့ကြေင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

 

သမ္မတ ရှီကျင့်ဖျင်က ကျွမ်းကျင်သူများ ပိုမိုစေလွှတ်ပေးရေးနှင့် ဆေးဝါးအထောက်အပံ့များနှင့် အခြား အကူအညီများပေးရန် ကမ်းလှမ်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်အပတ်က တရုတ်နိုင်ငံမှ အီတလီနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ကိုးဉီးနှင့် ဆေးဝါးပစ္စည်း ၃၁တန်အီတလီသို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

mdn