၁၇ မတ်

 

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ်တွင်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦး တွေ့ရှိခဲ့သဖြင့် ယင်းသို့ ကူးစက်ခံရသူ ၂၂ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း အစိုးရကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝါဟစ် မာရာက ယနေ့ပြောကြားခဲ့သည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၏ ဗဟိုချက်ဖြစ်သော ဟီရတ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃ ဦး အထိ ရှိလာသည်။

 

မြောက်ပိုင်း ဆာမန်ဂန်ပြည်နယ်တွင် သုံးဦး၊ အရှေ့ပိုင်း လိုဂါပြည်နယ်တွင် နှစ်ဦး၊ မြောက်ပိုင်း ဗာ့ခ်ပြည်နယ်တွင် လေးဦးအထက်၊ အရှေ့ပိုင်း ကာပီဆာပြည်နယ်၊ အလယ်ပိုင်း ဒက်ကွန်ဒီ ပြည်နယ်နှင့် အနောက်ပိုင်း ဘက်ဂစ်ပြည်နယ်တို့တွင် တစ်ဦးစီ အသီးသီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ထိုတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

 

အာဖဂန်နစ္စတန်နိုင်ငံတွင် သံသယလူနာ ၂၈၁ ဦးရှိသည့်အနက် ၂၂ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိခဲ့ရပြီး ကျန် ၂၅၉ ဦးတွင်ရောဂါကူးစက်မှု မတွေ့ရှိခဲ့ရကြောင်း ယင်းတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

ဟီရတ်ပြည်နယ်ရှိ ဆေးရုံတစ်ရုံမှ သံသယရှိလူနာ ၃၇ ဦး ထွက်ပြေးသွားခဲ့သည်ဟု အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို