၁၇ မတ်

 

အင်ဒိုနီးရှားနိုင်ငံက သယ်ယူပို့ဆောင်ရေးဝန်ကြီးမှာ COVID-19 ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း သိရပါတယ်။ ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့အတွက် ကျောင်းတွေနဲ့ နိုင်ငံခြားသားခရီးသွားတွေ စည်ကားတဲ့ နေရာတွေကို ပိတ်ထားတာကို တွေ့ရပါတယ်။

 

သယ်ယူပို့ဆောင်ရေးဝန်ကြီးဟာ ဂျာကာတာရှိ စစ်ဆေးရုံတစ်ရုံမှာ ဆေးကုသခံနေကြောင်း ထုတ်ပြန်ထားသလို ဆေးရုံပြောခွင့်ရသူကလည်း ဝန်ကြီး ဆူမာဒီဟာ အသက်ရှုခက်ခဲတာနဲ့ ရင်ဆိုင်ခဲ့ရပြီး အခုတော့ အခြေအနေ တိုးတက်လာကြောင်း ပြောပါတယ်။

 

ဝန်ကြီး ဆူမာဒီဟာ ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေးမှာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေးမှာ ပါဝင်တဲ့ တခြားဝန်ကြီးတွေကိုလည်း ဆေးစစ်ရန် သမ္မတ ဝီဒိုဒိုက ညွှန်ကြားထားပါတယ်။

 

ကမ္ဘာမှာ လူဦးရေ စတုတ္တမြောက်များပြားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က ဗိုင်းရပ်စ်ပိုး မတွေ့ရှိခဲ့ပေမယ့် အခုချိန်မှာ ကူးစက်ခံရသူ ၁၇၂ ဦး ရှိသွားပြီး သေဆုံးသူ ၅ ဦးရှိကြောင်း မတ် ၁၇ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးဟာ ဂျာကာတာကနေ အနောက်ဂျာဗား၊ အလယ်ဂျာဗားရှိ ဆိုလို၊ ဆူလာဝေဆီ မြောက်ပိုင်းရှိ မာနန်ဒို၊ ကာလီမန်တန် မြောက်ပိုင်းရှိ ပွန်တိန်နက်၊ ခရီးသွားတွေလာလေ့ရှိတဲ့ ဘာလီနဲ့ ယိုရာကာတာ နေရာတွေအထိပါ ပျံ့နှံ့နေကြောင်း အစိုးရပြောခွင့်ရသူက ပြောပါတယ်။

 

ဂျာကာတာမြို့ကို ပိတ်ပစ်ဖို့ မလုပ်ပေမယ့် လူတွေကို ဖြစ်နိုင်ရင် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့နဲ့ ကိုယ့်ကိုယ်ကို တာဝန်ယူဖို့ကို ဆော်ဩထားပါတယ်။

 

MDN
ကိုးကား - AFP