၁၇ မတ်
မလေးရှားနိုင်ငံသားတွေကို နိုင်ငံရပ်ခြားသွားလာခွင့် ပိတ်ပင်ထားပြီး နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် တားမြစ်ထားကြောင်း ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။
ကျောင်းတွေကိုလည်း မနက်ဖြန်မှစပြီး သီတင်း နှစ်ပတ်တိတိ ပိတ်ထားမယ်လို့ သိရပါတယ်။ ဈေးဆိုင်များ ပိတ်ထားသလို လူစုလူဝေးပြုလုပ်ခြင်းတွေကိုပါ ပိတ်ပင်ထားပါတယ်။ ဘာသာရေးဆိုင်ရာ စုဝေးမှုကို ယာယီတဲတွေမှာသာ ပြုလုပ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။
မတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၆၆ ဦးရှိပေမယ့် သေဆုံးသူ တစ်ဦးတစ်ယောက်မှ မရှိသေးကြောင်း သိရပါတယ်။
ကူးစက်ခံရသူ အများစုဟာ ပြီးခဲ့လက ကျင်းပခဲ့တဲ့ လူပေါင်း ၂၀,၀၀၀ လောက်တက်ရောက်ခဲ့ ကမ္ဘာ့အစ္စလာမ်ပွဲတော်မှာ ပါဝင်ခဲ့သူတွေလို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၇ မှ မတ်လ ၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပွဲတော်မှာ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှ တက်ရောက်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီပွဲမှာ မလေးရှားနိုင်ငံသား ၁၄,၅၀၀ ဦးခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံကို နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာမယ့် မလေးရှားနိုင်ငံသားကို ဝင်ခွင့်ပြုမှာ ဖြစ်ပေမယ့် ၁၄ ရက်တိတိ သီးသန့်ခွဲနေထိုင်ရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
MDN
ကိုးကား -AFP


