၁၉ မတ်

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားရာ မူလဗဟိုဖြစ်သော ဝူဟန်မြို့ အပါအဝင် ဟူဘေးပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခြင်း မရှိတော့ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

 

အာဏာပိုင်များသည် ဇန်နဝါရီလမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါကူးစက်မှုများကို သတင်းထုတ်ပြန်ခဲ့ရာ ဟူဘေးပြည်နယ်တွင် ကူးစက်ခံရသူ မရှိတော့ကြောင်းထုတ်ပြန်သည့် သတင်းသည် ပထမဆုံးဖြစ်သည်။

 

တရုတ်နိုင်ငံတွင် ရောဂါကူးစက်သူ အရေအတွက် ၈၀၉၂၈ ရှိကြောင်း၊ ယမန်နေ့က တစ်နိုင်ငံလုံးတွင် ကူးစက်ခံရသူ ၃၄ ဦး ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။

 

ဟူဘေးပြည်နယ်တွင် သေဆုံးသူ ရှစ်ဦး ရှိကြောင်း ၎င်းတို့က ပြောကြားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၂၄၅ ဦး ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို