ကြာသပတေးနေ့အတွင်း ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူပေါင်း ၉၂၄ဦးအထိ မြင့်တက်လာခဲ့ပြီး ရောဂါအသစ်ဖြစ်ပွားမှု သုံးမှုရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။
အဆိုပါ အချက်အလက်များကို ဒေသန္တရအစိုးရများနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ကောက်ယူခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရောဂါဖြစ်ပွားသည့် ကိန်းဂဏန်များထဲတွင် တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှ လေယာဉ်ဖြင့် ပြန်လာပြီး ကူးစက်ခံရသူ ၁၄ဦးရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။
ဂျပန်နိုင်ငံရှိ စီရင်စုများတွင် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၆၆၄ဦး ရှိပြီဖြစ်သည်။
ရောဂါဖြစ်ပွားမှု ၉၂၄မှုထဲတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆေးကုသမှုခံယူရေးအရာရှိများလည်း ပါဝင်သည်။ လေဆိပ်ကောင်တာတွင် ဖြတ်သန်းစဉ် ဗိုင်းရပ်စ်ပိုးရှိသည်ဟု သံသယရှိသည့် လူနာများလည်း ပါဝင်သည်။
ရောဂါကူးစက်ခံရသူပေါင်း ၉၂၄မှုအပြင် Diamond Princess သင်္ဘောပေါ်တွင် လိုက်ပါခဲ့သည့် လူ ၇၁၂ဦးမှာလည်း ရောဂါကူးစက်ခံခဲ့ရပြီး ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၆၃၆ဦး ရှိပြီဖြစ်သည်။
၃၉ဦးမှာ သေဆုံးခဲ့သည်။ ဂျပန်နိုင်တွင် ရောဂါကူးစက်ခံရသူ၃၂ဦးရှိခဲ့ပြီးနောက် ကျန်ခုနှစ်ဦးမှာမူ အပျော်စီး သင်္ဘောပေါ်ဖြင့် လိုက်ပါလာခဲ့သူများဖြစ်သည်။
အပျော်စီး သင်္ဘောမှ ရောဂါ ကူးစက်ခံရသူ ၁၄ဦးအပါအဝင် ရောဂါကူးစက်ခံရသူပေါင်း ၆၀ခန့်မှာ ဗုဒ္ဓဟူးနေ့ကအထိ အခြေအနေမှာ ဆိုးရွားလျက်ရှိသည်။
သင်္ဘောသား ၅၂၇ဦး အပါအဝင် စုစုပေါင်း ၇၁၈ဦးကို ဗုဒ္ဓဟူးနေ့က ဆေးရုံဆင်းပေးလိုက်ပြီဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


