၁၉ မတ်

 

ကမ္ဘာ့တစ်ဝန်းတွင် COVID 19ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၂၁၉,၂၆၅ ဦး၊ သေဆုံးသူ ၈,၉၆၈ဦးနဲ့ ၈၅,၇၄၅ဦး ပြန်လည်ကျန်းမာလာကြောင်း မတ်၁၉ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။  နိုင်ငံပေါင်း ၁၅၀မှလူပေါင်း ၈,၇၈၄ ဦး သေဆုံးကြောင်း AFP သတင်းဌာနရဲ့ မြန်မာစံတော်ချိန် ၀၀:ဝ၁ နာရီ(ကြာသပတေးနေ့)ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဥရောပတွင် သေဆုံးနှုန်းများ

 

တရုတ်နိုင်ငံမှာ COVID 19 ဗိုင်းရပ်စ်ပိုးကူးစက်ခံသူ ၈၀,၈၉၄ ဦးရှိပြီး ၆၉,၆၀၁ ဦး ပြန်လည်ကျန်းမာလာပြီး သေဆုံးသူ ၃,၂၃၇ ဦးရှိပါတယ်။ အီတလီနိုင်ငံမှာ ၃၅,၇၁၃ဦး ကူးစက်ခံရပြီး ၂,၉၇၈ ဦးသေဆုံး၊ အီရန်မှာ ၁,၁၃၅ဦး သေဆုံးပြီး ၁၇,၁၆၁ဦး ကူးစက်ခံရ၊ စပိန်နိုင်ငံတွင် ၁၃,၇၁၆ဦး ကူးစက်ခံရပြီး ၅၉၈ဦး သေဆုံး၊ ပြင်သစ်နိုင်ငံမှာ ၉,၁၃၄ဦးကူးစက်ခံရပြီး ၂၆၄ဦးသေဆုံးကြောင်း သိရပါတယ်။

 

ဥရောပတွင် စုစုပေါင်း ၄၁၁၂ဦး သေဆုံးပြီး အာရှမှာ ၃၃၈၄ဦး သေဆုံးတာကို တွေ့ရပါတယ်။

 

အသွားအလာ တင်းတင်းကျပ်ကျပ် ပိတ်ပင်

 

  • ဘယ်လ်ဂျီယံ နိုင်ငံမှာ ဧပြီ ၅ ရက်နေ့အထိ အိမ်ထဲမှာ နေထိုင်ရန်
  • ဗြိတိန်နိုင်ငံမှာ မနက်ဖြန်သောကြာနေ့မှစပြီး ကြေညာချက်အသစ်မထွက်မခြင်း ကျောင်းတွေပိတ်ရန်
  • ပီရူးနိုင်ငံမှာ ညအချိန် ကာဗျူးထုတ်ပြန်
  • ကနေဒါနဲ့ အမေရိကန် နှစ်နိုင်ငံကြား အရေးကြီးကိစ္စမဟုတ်ရင် ခရီးမသွားရန်
  • ဥရောပသမ္မဂအဖွဲ့ဝင်နိုင်ငံတွေကြား ရက် ၃၀ တိတိ ခရီးသွားလာခွင့် ပိတ်ထား
  • စပိန်နိုင်ငံတွင်းက ဟိုတယ်တွေပိတ်ထားတဲ့အတွက် ခရီးထွက်နေသူတိုင်း အိမ်ပြန်ရန် ညွှန်ကြားထား
  • အစ္စရေးနိုင်ငံက သူ့နိုင်ငံသားကလွဲ နိုင်ငံခြားသားတွေကို နိုင်ငံထဲဝင်ခွင့်မပြု
  • တောင်အာဖရိကနိုင်ငံရဲ့ ဆိပ်ကမ်းတွေကို ဝင်ရောက်ဆိုက်ကပ်မယ့် ဇိမ်ခံသင်္ဘောတွေမှာ ခြုံစောင်အသုံးပြုခွင့် မပြု
  • မေလတွင် ကျင်းပမယ့် 2020 Eurovision သီချင်းပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။ ၆၄ နှစ်သမိုင်းမှာ ပထမဦးဆုံးအကြိမ် ဖျက်သိမ်းတာဖြစ်
  • ဗိုင်းရပ်စ်ပိုးကြောင့် ကျောင်းသူကျောင်းသားပေါင်း သန်း ၈၅၀ ကျော် စာသင်ခန်းတွေနဲ့ ဝေးနေရကြောင်း ယူနက်စကို ကြေညာ

 

စီးပွားရေးပျက်

 

နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO)ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ကပ်ရောဂါ COVID19 ဗိုင်းရပ်စ်ကြောင့်  အလုပ်သမား ၂၅ သန်း လောက် အလုပ်နားနေရကြောင်း ပြောပါတယ်။ ဥရောပနဲ့ အမေရိကန်စတော့ဈေးတွေမှာ သိသိသာသာ အရှုံးပေါ် နေပါတယ်။ နိုင်ငံတော်တော်များများက အကူအညီအတွက် ငွေကြေးစိုက်ထုတ်ထားပါတယ်။

 

MDN

ကိုးကား -AFP