၁၉ မတ်
ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၂၀ဝ၀ဝ၀ ကျော်ရှိသည့်အနက် ၈၀ဝ၀ ကျော် သေဆုံးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ယမန်နေ့က ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်၊သေဆုံးသူအရေအတွက်၏ ၈၀ရာခိုင်နှုန်းသည် ပစိဖိတ်ဒေသအနောက်ပိုင်း နှင့်ဉရောပတိုက် ဒေသ နှစ်ခုတို့တွင် ဖြစ်ပွားခြင်း ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် Tedros က ဆိုသည်။
နိုင်ငံများအနေဖြင့် ကူးစက်ရောဂါကို နှိမ်နင်းရန်နှင့်ထိန်းချုပ်ရန် ကူးစက်ခံရသူနှင့် လတ်တလော ထိတွေ့ဆက်ဆံမှုရှိသူတိုင်းကို လိုက်ရှာပြီး သီးခြားခွဲထုတ်ခြင်း၊ စမ်းသပ်ခြင်း၊ ကုသခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်း Tedros က ထပ်တလဲလဲပြောကြားသည်။
ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာပေးနိုင်ကာ ရှေ့ဆက်ရောဂါကူးစက်မှုမှ ကာကွယ်ပေးနိုင်သည့် ကျွမ်းကျင်ပညာရှင်များရှိသော ကျန်းမာရေး ဌာနများတွင် ရောဂါမပြင်းထန်သူများကို သီးခြား ခွဲထုတ်ထားသင့်ကြောင်း Tedros က အတည်ပြု ပြောကြားခဲ့သည်။
ယမန်နေ့မနက်ပိုင်းက တရုတ်နိုင်ငံပြင်ပ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၁၁၂၈၇၈ ရှိလာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၀ဝ၀ ကျော် ရှိလာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဖော်ပြချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


