၂၀ မတ်
ကိုဗစ်-၁၉ကူးစက်ရောဂါ တိုက်ဖျက်ရန် တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေအဖြစ် ပေါ်တူဂီနိုင်ငံက ကြေညာခဲ့သည်။
နေ့စဉ်သုံးပစ္စည်းများ ရောင်းချသည့်စတိုးဆိုင်များမှအပ ဆိုင်များအားလုံးကို ခေတ္တရပ်ပိတ်ထားရန်နှင့် လူများကိုလည်း အိမ်ထဲတွင်နေထိုင်ကြရန် အစိုးရက ယမန်နေ့က ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
ပေါ်တူဂီနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၇၈၅မှု နှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကြာသပတေးနေကအထိ သုံးဉီးရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။
ကုန်ပစ္စည်းသယ်ယူသည့် နယ်စပ်ဖြတ်ကျော်သည့် ခရီးသွားများမှအပ စပိန်နယ်စပ်ဖြတ်ကျော်သွားလာခြင်းများကို ပိတ်ပင်ခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


