၂၀ မတ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် တစ်နိုင်ငံလုံး ညမထွက်ရ အမိန့်ကို သောကြာနေ့ ညနေ ၆ နာရီ မှစတင်ကာ တနင်္လာနေ့မနက် ၆ နာရီတွင် အဆုံးသတ်မည် ဖြစ်ကြောင်း သီရိလင်္ကာအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
သီရိလင်္ကာနိုင်ငံသားများ အနေဖြင့် ညမထွက်ရအမိန့်ကိုလိုက်နာပြီး နေအိမ်အတွင်းမှာပင် နေထိုင်ကြရန် သမ္မတရုံးက ထိုကြေညာချက်တွင် တိုက်တွန်းပြောကြားထားသည်။
လူတိုင်းလူတိုင်း သောကြာနေ့မှစတင်ကာ ခုနစ်ရက်ကြာ နေအိမ်အတွင်းမှာပင်နေထိုင်ကြရန် သီရိလင်္ကာသမ္မတ ဂိုတာဘာယာ က ယမန်နေ့က ကြေညာခဲ့သည်။
ထိုကြေညာချက်သည် မတ်လ ၂၇ ရက်နေ့အထိ ဆက်လက်တည်ရှိသွားမည်ဟု အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယခုအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၅၉ ဦးရှိပြီး နိုင်ငံတဝှမ်းရှိ သတ်မှတ်ထားသည့်ဆေးရုံများတွင် စောင့်ကြည့်လူနာ ၂၃၀ ကျော်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


