၂၃ မတ်

 

ဂျာမနီနိုင်ငံမှာ COVID 19 ဗိုင်းရပ်ပိုးပျံ့နှံ့မှု တိုက်ဖျက်ရန် လူနှစ်ဉီးထက်ပိုပြီး စုဝေးခွင့်မရှိကြောင်း တားမြစ်သွားလို့ ဝန်ကြီးချုပ် အန်ဂလာ မာကယ်က မတ် ၂၂ ရက်နေ့က ပြောပါတယ်။ 

 

15

 

ဂျာမနီနိုင်ငံမှာ ကျောင်းတွေနဲ့ အရေးမပါတဲ့ အသုံးဆောင် ပစ္စည်းရောင်းတဲ့ ဆိုင်တွေဟာ ပိတ်ထားပေမယ့် လူစုလူဝေးလုပ်ခြင်းကို တားမြစ်သွားမှာ ဖြစ်ပါတယ်။ လူဦးရေကို ကန့်သတ်မှုဟာ သက်ဆိုင်ရာပြည်နယ်တွေ အလိုက်လုပ်ဆောင်မှာဖြစ်ပြီး အဲဒီကန့်သတ်ချက်ကို သက်ဆိုင်ရာပြည်နယ်တွေက ကြေညာသွားမှာဖြစ်ပါတယ်။ 

 

135

 

လူစုလူဝေးဆိုရာမှာ မိသားစုလိုက် တစ်အိမ်ထဲမှာ နေထိုင်တာကို ဆက်လက် ခွင့်ပြုမှဖြစ်ပြီး အဲဒီမိသားစုဝင်တွေ ပြင်ပကို လေကောင်းလေသန့်ရအောင် အတူထွက်တာကိုလည်း ခွင့်မှာဖြစ်ကြောင်း အပါအဝင် တခြားသော လူစုလူဝေးလုပ်ခြင်းကိုပါ ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။ 

 

အနှိပ်ခန်း၊ ဆံပင်အလှပြင်ခန်း အပါအဝင် လုပ်ငန်းတွေကို ပိတ်ပင်သွားမှာဖြစ်ပါတယ်၊။ စားသောက်ဆိုင်တွေကို ဆက်လက်ဖွင့်ခွင့်ပေးမှဖြစ်ပေမယ့် ဆိုင်စားလက်ခံခွင့်တော့ ခွင့်မပြုကြောင်း သိရပါတယ်။ 

 

တားမြစ်ချက်တွေကို လိုက်နာဖို့က အင်မတန်အရေးကြီးကြောင်း၊ တစ်ဦးနဲ့တစ်ဦးဟာ နှစ်မီတာ အနည်းဆုံး အဝေးကနေ ရှိနေသင့်ကြောင်း ၊ အဲဒီလိုစည်းကမ်းလိုက်နာခြင်းအားဖြင့် လူတွေအသက်ကို ကာကွယ်နိုင်တာဖြစ်ကြောင်း ဝန်ကြီးချုပ်မာကယ်က ပြောပါတယ်။ 

 

တစ်ဦးနဲ့တစ်ဦးအကွာအဝေးရှိဖို့ကို ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ပါဝင်လိုက်နာတဲ့အတွက် သူမရဲ့နေ့စဉ်ဘဝမှာ ပြောင်းလဲမှုတွေရှိရာ ဆွေးနွေးပွဲတွေကို တယ်လီဖုန်းနဲ့ ဗီဒီယိုကနေတဆင့် လုပ်ဆောင်နေကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား- AFP