၂၃ မတ်
ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁၀ဝ၀ ကျော် ရှိလာပြီဖြစ်သည်။
ကမ္ဘာကျန်းမာရေးအဖွဲ့၏ ပြောကြားချက်အရ ရောဂါကူးစက်ခံရသူ အရေအတွက်မှာ စနေနေ့ကအထိ ၂၆၀ဝ၀ဝ ကျော်ရှိသည်ဟု သိရသည်။
အီတလီနိုင်ငံတွင် သေဆုံးသူအရေအတွက် ၆၅၀ တိုးလာခဲ့ပြီး ၅၄၀ဝ ကျော် ရှိသွားပြီ ဖြစ်သည်။ ရောဂါကူးစက်သူ ၅၅၀ဝ ခန့် တွေ့ရှိခဲ့ပြီး စုစုပေါင်း ၅၉၀ဝ၀ ကျော် ရှိနေသည်။
အီတလီအစိုးရသည် ၎င်း၏ ကန့်သတ်ထိန်းချုပ်မှုကို အားဖြည့်လုပ်ဆောင်လျက်ရှိသည်။ မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ခြင်းမရှိသော လုပ်ငန်းအားလုံးကို ပိတ်သိမ်းရန် ညွှန်ကြားခဲ့သည်။စူပါမားကတ်များ၊ ဆေးဆိုင်များ၊ စာတိုက်များနှင့် ဘဏ်များကို ဆက်လက်ဖွင့်လှစ်ရန် ခွင့်ပြုခဲ့သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းနှင့် အခြားမရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အီတလီဝန်ကြီးချုပ် ဂျူဇက်ပါ ကွန်တီနှင့် စနေနေ့က ဖုန်းဆက်သွယ် ပြောကြားကာ အကူအညီများပေးခဲ့သည်။ အီတလီနိုင်ငံသည် ရုရှားနိုင်ငံ၏ အကူအညီကို တောင်းခံခဲ့သည်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် ကုန်ပစ္စည်းတင်လေယာဉ်များကို အီတလီနိုင်ငံသို့ ပေးပို့ရန် အဆင်သင့်ဖြစ်နေပြီ ဟု ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


