၂၃ မတ်

 

Emirates လေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေကြောင်းလိုင်းတွေနဲ့ လေယာဉ်ပြောင်းတဲ့ ခရီးစဉ်တွေပါ ရပ်ဆိုင်းမယ်လို့ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။ 

 

Emirates မှ တာဝန်ရှိသူတွေက ယူအေအီးနိုင်ငံတွင်း၊ အပြင်ကိုသွားမယ့် ခရီးသည်တင်လေယာဉ်တွေနဲ့ လေယာဉ်ပြောင်းမယ့် ခရီးသည်တင်လေယာဉ်တွေကိုပါ COVID19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်တဲ့အနေနဲ့ သီတင်းနှစ်ပတ် ပိတ်မယ်လို့ ယူအေအီးနိုင်ငံပိုင်း သတင်းဌာန wAM ကို ပြောကြားလိုက်ပါတယ်။ 

 

အခုဆုံးဖြတ်ချက်ဟာ ၄၈ နာရီ (မတ်လ ၂၅) အတွင်း အသက်ဝင်မှာဖြစ်ပြီး သီတင်းနှစ်ပတ်အတွင်းမှာ ပြန်လည်သုံးသပ်မယ်လို့သိရပါတယ်။ ရပ်ဆိုင်းမယ့် လေကြောင်းခရီးစဉ်ထဲမှာ ကုန်တင်လေယာဉ် နဲ့ အရေးပေါ်ပြန်ခေါ်မယ့် ခရီးစဉ်တွေ ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။ 

 

Emirates လေကြောင်းလိုင်းရဲ့ ဆုံးဖြတ်ချက်ချပြီး နာရီပိုင်းအတွင်းမှာ အစိုးရတွေနဲ့ ခရီးသည်တွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် ခရီးသည်တွေကို မူရင်းနိုင်ငံကို ပြန်လည်ရောက်ရှိရေးအတွက် ၁၃ နေရာကိုတော့ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

 

ဆက်လက်ပြေးဆွဲပေးမယ် ၁၃ နေရာကတော့ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဟောင်ကောင်၊ ထိုင်း၊မလေးရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဩစတြေးလျး၊ တောင်အာဖရိက၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေ ဖြစ်ပါတယ်။ 

 

Emirates ရဲ့ဉက္ကဌနဲ့ အမှုဆောင်အရာရှိချုပ် မက်တွန်က အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေမှာဖြစ်ပြီး ဝန်ဆောင်မှုပေးလို့ရခဲ့ရင် ပြန်လည်ဝန်ဆောင်မှု ပေးသွားမှာဖြစ်ကြောင်း၊ COVID19 ဗိုင်းရပ်စ်ပိုးဟာ တစ်ကမ္ဘာလုံးကို သီးသန့်ခွဲခြားနေထိုင်အောင် လုပ်ထားကြောင်း ပြောပါတယ်။

 

Emirates လေကြောင်းလိုင်းရဲ့ ဝန်ထမ်းအများစုရဲ့ အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန်းနဲ့  ၅၀ ရာခိုင်နှုန်းသာ လစာအဖြစ် သုံးလပေးသွားမှာဖြစ်ပေမယ့် ဝန်ထမ်းတွေကို အလုပ်ဖြုတ်တာမျိုး မလုပ်ကြောင်း သိရပါတယ်။

 

MDN
ကိုးကား - AFP