ပေကျင်း  ၂၄  မတ်

ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ဆက်လက်မြင့်တက်နေသည်ဖြစ်ရာ ရောဂါကူးစက်ပျံ့နှံ့မှု ထပ်မံမြင့်တက်မလာစေရေး ထိန်းချုပ်ရန်ဆောင်ရွက် ချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် ဂရိနိုင်ငံက တစ်နိုင်ငံလုံးကို အဝင် အထွက် ပိတ်ဆို့မှု ပြုလုပ်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့တွင် ကြေညာခဲ့သည်။

အချိန်နှင့်တစ်ပြေးညီ အရေးပေါ်ဆောင်ရွက် ၁၄ ရက်ကြာ တစ်နိုင်ငံလုံး ပိတ်ဆို့မှုသည် မတ် ၂၃ ရက်ဒေသ စံတော်ချိန် နံနက် ၆ နာရီတွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။ အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ဆောင်ရွက်ရမည်ဖြစ်ပြီး နှောင့်နှေးကြန့်ကြာမှု မရှိစေရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကီရီယာကိုစ် မစ်ဆိုတာကစ်က ရုပ်မြင်သံကြားမှတစ်ဆင့် လူထုသို့ ထုတ်လွှင့်ခဲ့သည့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ။

နေ့စဉ် ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေဆိုင်ရာ အစီရင်ခံစာအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကမ္ဘာတစ်ဝန်း၌ ရောဂါထပ်မံကူးစက်ခံရသူ အရေအတွက် ၃၂၀၀၀ အထိရှိ လာခဲ့ကာ ကမ္ဘာတစ်ဝန်းကူးစက်ခံရ သူ စုစုပေါင်း ၂၆၆၀၇၃ ဦးအထိ မြင့်တက်လာစေခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မတ် ၂၁ ရက်နှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာ၌ ပြီးခဲ့သည့် မတ် ၂၀ ရက် ညသန်းခေါင်အချိန်အထိ သေဆုံးသူ ၁၁၁၈၄ ဦးရှိခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆင်ဟွာ